စပျစ်သီးဇာတ်လမ်းမှာ ချိုဝမ်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Lee Da Hae ဟာဆိုရင် ၄ နှစ်ကြာအနုပညာ လှုပ်ရှားမှုတွေကနေ အနားယူပြီးနောက်မှာ “Beautiful” TV show အစီအစဉ်နဲ့ အနုပညာ လောကထက်ကို တစ်ဖန်ပြန်ပြီး ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

Lee Da Hae က ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Nice Witch ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာ ပထမဦးကို အကြိမ် ပရိသတ်တွေရှေ့ကို ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီး Lee Da Hae က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အားလုံးထက်ပိုပြီး အာရုံစိုက်မှု ရရှိခဲ့သူဖြစ်ပြီး အလှနတ်ဘုရားမ တစ်ပါးအဖြစ်လည်း နာမည်ကြီးတဲ့သူဖြစ်ပါတယ်။Lee Da Hae က သူမထက်အသက်ငယ်တဲ့ ချစ်သူကောင်လေး အဆိုတော် Se7en နဲ့ ၇ ကြာတွဲနေပြီဖြစ်ကြောင်း ဝန်ခံပြီးတဲ့နောက်မှာအနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

Lee Dae Hae က နာမည်ကြီးတောင်ကိုရီးယားဇာတ်လမ်းတွဲတွေဖြစ်တဲ့ My Girl ၊ Hotel King နဲ့ Nice Watch စတဲ့နာမည်ကြီး ဇာတ်လမ်းတွဲကောင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Lee Dae Hae ရဲ့ အသက်က ၃၈ နှစ်အရွယ်ရှိသွားပြီပဲ ဖြစ်ပါတယ်။