ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသမီး Baifern ကတော့ အရွယ်ငယ်ငယ်လေးနဲ့ မလိုက်အောင်ကို အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပိန်ပိန်ပါးပါး Body လေးကို အမြဲSmart ကျအောင် ဝတ်တတ်တဲ့ သူမက မိန်းကလေးတွေရဲ့ အားကျ ချစ်ခင်ရတဲ့ သူလေးလည်း ဖြစ်ပါတယ်။


အနုပညာလမ်းပေါ်ကို လျှောက်လှမ်းလာတာ ၁၀ စု နှစ်တစ်ခုရှိပြီဖြစ်ပြီး ဆုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူပါ။ လက်ရှိအချိန်ထိ အပျိုကြီးဂုဏ်ပုဒ်ကို ကိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ မကြာသေးမီရက်ပိုင်းက Baifern က သူမရဲ့ Instagram မှာ ပုံလေးတွေ တင်ထားပါတယ်။


တင်ထားတဲ့ ပုံလေးတွေထဲမှာ Baifern က အီတလီနိုင်ငံကိုရောက်နေတာဖြစ်ပြီး ထူးခြားချက်ကတော့ ဆံပင်ပုံစံလေး ချိန်းထားတာပဲ ဖြစ်ပါတယ်။ အရင်တုန်းက ပုံစံလေးတွေနဲ့ မတူဘဲ ရှေ့ဆံပင်လေးကို ရှေ့ချပြီး Ban ကေ လေး ညှပ်ထားတာပဲ ဖြစ်ပါတယ်။ ကေပြောင်းသွားလဲ အလှမပျက်တဲ့ ကောင်မလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။






သတင်း အရင်းအမြစ်៖ baifernbah's IG Acc