ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် မကြာသေးမီက တက္ကစီပေါ်ကနေ မိခင်အရင်းကိုယ်တိုင် လမ်းမထက်မှာစွန့်ပစ်ခဲ့တဲ့ ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။ အဆိုပါ ကလေးငယ်လေးကို မိခင်ဖြစ်သူက စွန့်ပစ်ခဲ့စဉ်မှာ အသိစိတ်လွတ်နေခဲ့တယ်လို့ သိရပြီး အသိစိတ်ပြန်ဝင်လာချိန်မှာ ကလေးငယ်လေးကို မင်းသမီး ခိုင်နှင်းဝေဆီကနေ ပြန်လည်တောင်းခံခဲ့ပါတယ်။

မိခင်ဘက်က ကလေး ငယ်လေးကို ပြန်တောင်းခဲ့ပေမယ့်လည်း မင်းသမီး ခိုင်နှင်းဝေက ပြန်မပေးခဲ့ဘဲ ကလေးမိဘတွေ အခုလိုမျိုးလုပ်ရပ်တွေ ထပ်ပြီး မလုပ်မိကြစေဖို့အတွက် တရားရုံးကနေ တဆင့် ဖြေရှင်းပေးခဲ့ပါတယ်။

ဒီကနေ့မှာဆိုရင်တော့ ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ တရားရုံးကနေတဆင့် အဆိုပါ ကလေးငယ်လေးကို မိဘအရင်းတွေထံကို ပြန်လည် အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။



ကလေးလေးကို ပြန်လည်ရရှိခဲ့လို့ ဝမ်းသာပျော်ရွှင်နေတဲ့ မိဘနဲ့ မိဘအရင်းထံကို ပြန်လည် အပ်နှံခွင့်ရလို့ ပီတိဖြစ်နေတဲ့ မင်းသမီး ခိုင်နှင်းဝေတို့ရဲ့ ပုံရိပ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။



အခုဆုံးဖြတ်ချက်က အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ လည်း လူတော်တော်များများက ပြောထားကြပါတယ်။