တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် Jung Joong Ji ဟာဆိုရင် ‘Prison’ နဲ့ ‘The Essence of Love’ ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူဖြစ်ပါတယ်။ Jung Joong Ji က ၂၀၁၇ ခုနှစ်မှာ Mnet ရဲ့ ‘Produce 101’ အစီအစဉ်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဆင့် ၆၄ နေရာမှာ မဲအရည်အတွက် ၈၆၈၆၄ ခုနဲ့ ထွက်ခွာသွားခဲ့ရပါတယ်။


Jung Joong Ji က ကြိုးစားခဲ့လူငယ်လေးတစ်ယောက်ဆိုပေမယ့်လည်း သူ့ရဲ့ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ရပါတယ်။ Jung Joong Ji က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပြီး သေဆုံးသွားပြီဖြစ်တဲ့အကြောင်းကို မိခင်ကြီးက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။



Jung Joong Ji ရဲ့ မိခင်ကြီးက သူမက Jung Joong Ji ရဲ့ မိခင်ဖြစ်ကြောင်း ၊ သူမရဲ့ သားဖြစ်သူက အဆုံးစီရင်သွားခဲ့ပြီဖြစ်ကြောင်း သူမရဲ့ ခံစားချက်တွေကို ဘယ်လိုမျိုး ဖော်ပြရမလဲဆိုတာမသိကြောင်း ပြောခဲ့ပါတယ်။ Jung Joong Ji ရဲ့ မိခင်ကြီးအဆိုအရ Jung Joong Ji က အသက် ၃၀ နှစ်ပြည့်ဖို့ ၄ ရက်အလို မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ချောမောလှပပြီး ငယ်ရွယ်တဲ့ သားလေး ဆုံးပါးသွားခဲ့ရတာအတွက် Jung Joong Ji ရဲ့ မိခင်ကြီးက ဖြေမဆည်နိုင်အောင် စိတ်မကောင်းခဲ့ရပြီး စကားလုံးတွေနဲ့တောင် ဖော်မပြနိုင် ဖြစ်ခဲ့ပါတယ်။

Jung Joong Ji က လူကောင်းတစ်ယောက်ပုံစံမျိုးဆိုပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာ ကြီးမားလှတဲ့ စိတ်ဓာတ်ကျမှုပြီးတစ်ခု ရှိနေခဲ့တာကို ဘယ်သူကမှ မသိခဲ့ကြပါဘူး။ Jung Joong Ji စက်တင်ဘာလ ၉ ရက်နေ့မှာ လူ့လောကကနေ ထွက်ခွာသွားခဲ့ပါတယ်။
