စက်တင်ဘာလ ၂၃ ရက်နေ့က အဆိုတော်နဲ့ မင်းသမီး Bibi ဟာဆိုရင် ‘Hwaran’ လို့ခေါ်တဲ့ဒရမ်မာမှာပါဝင် သရုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ ငရဲလိုခက်ခဲတဲ့အခြေအနေမှ လွတ်မြောက်ဖို့အတွက်အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တွေချရမယ့် လူတွေအကြောင်းရိုက်ကူးထားတဲ့ အဲ့ဒီဒရမ်မာကိုတော့ ဆောင်းဂျွန်ကီက အဓိကဇာတ်ဆောင်မင်းသားအနေနဲ့ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက Bibi ပါဝင်မယ့် Netflix Series “Sweet Home 2” ကိုဖျက်သိမ်းပြီး သူမအနေနဲ့အဲ့ဒီဇာတ်ကားရဲ့ သရုပ်ဆောင်နေရာကနေနှုတ်ထွက်ပြီးတဲ့နောက် အခုလိုဇာတ်ကားအသစ်မှာပါဝင်လာတာပဲ ဖြစ်ပါတယ်။

Netflix ကတာဝန်ရှိသူတွေကတော့ Bibi အနေနဲ့အစောပိုင်းက Sweet Home Season 2 အတွက်ရိုက်ကူဖို့စီစဥ်ထားပေမယ့် အချိန်ညှိလို့မရတာကြောင့် မရိုက်ဖြစ်တော့ကြောင်း တရားဝင်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဆောင်းဂျွန်ကီရဲ့ဇာတ်ကားအသစ်ကို ပရိသတ်တွေအနေနဲ့ စောင့်မျှော်နေကြပြီး Bibi နဲ့တါဲပြီးသရုပ်ဆောင်မှာဖြစ်တဲ့အတွက်လည်း ရင်ခုန်နေကြပါတယ်။
Photos-credit
Source: KBIZoom