ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစုံတွဲလေးဖြစ်တဲ့ "Mak Prin" နဲ့ "Kimberly" တို့ရဲ့ အတွဲလေးကတော့ မနေ့ညက သူတို့ရဲ့ (၉)နှစ်ပြည့် Anniversary အတွက် ညစာစားပွဲကို ချစ်စရာကောင်းတဲ့ပုံစံနဲ့ အတူတူကျင်းပသွားခဲ့ကြတာပါ။ Mark Prin ကလည်း သူ့ရဲ့ Instagram မှာ Short Video လေးနဲ့အတူ “@kimmy_kimberley 22/9/2022 လက်စွပ်နဲ့အိမ် အီမိုဂျီ” လေးရေးပြီး တင်ထားတာပါ။



"Kimmy" ကလည်း သူတို့နှစ်ယောက်ရဲ့ ချစ်စရာပုံလေး ကို"Happy IX my Fiance 22.09.2022" ဆိုတဲ့ Caption လေးနဲ့ တင်ထားတာပါ။ ခမ်းခမ်းနားနားကြီးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ အစားအသောက်တွေကိုလည်း အသည်းပုံလေးတွေနဲ့ ပြင်ဆင်ထားတာပါ။
Kimmy က Mark Prin ရဲ့ လည်ပင်းလေးကို သိုင်းဖက်ထားပြီး ပါးလေးကိုင်ထားတာ ရိုဆန်ဆန်နဲ့ ချစ်ကြည်နူးနေကြတာပဲ ဖြစ်ပါတယ်။ P' Prin ရဲ့ လက်မှာလည်း အနမ်းပေးထားတဲ့အရာလေးအတိုင်း နှုတ်ခမ်းနီလေးနဲ့ Marking လေးလို ပေးထားတာပါ။ ပရိသတ်တွေ အနုပညာရှင်တွေကလည်း Comment ကနေ ဝိုင်းပြီး Congratulation လုပ်နေကြပြီး သူတို့ရဲ့ မင်္ဂလာပွဲကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။




သတင်း အရင်းအမြစ်៖ daradaily.com