တောင်ကိုရီးယားမင်းသမီး ဟာဂျီဝန်းဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Empress Ki ၊ Secret Garden ၊ The King 2 Hearts နဲ့ Hospital Ship ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဟာဂျီဝန်းက နာမည်ကြီး မင်းသမီး တစ်ယောက်ဆိုပေမယ့် ဘဝင်မမြင့်တတ်ဘဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဟာဂျီဝန်းက နာမည်ပျက်တစ်ခါမှ မထွက်ဖူးတဲ့သူဖြစ်ပြီး အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်း သိုသိုတိတ်တိတ်နေထိုင်တတ်တဲ့သူဖြစ်ပါတယ်။

ဟာဂျီဝန်းက သူမရဲ့ ရိုးရှင်းတဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမက အလုပ်ကို အများသုံးရထားနဲ့ သွားခဲ့တဲ့အကြောင်းကို “အလုပ်သွားတဲ့လမ်းပေါ်မှာ” ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။


ဓာတ်ပုံလေးထဲမှာတွေ့ရတဲ့ ဟာဂျီဝန်းက အများသုံးရထားပေါ်မှာ ရှိနေတာဖြစ်ပါတယ်။ ဟာဂျီဝန်းက မျက်နှာကို ကြီးမားတဲ့ headphones နဲ့ မျက်နှာဖုံးတပ်ပြီး ဖုံးကွယ် ထားပေမယ့် သူမရဲ့ တောက်ပတဲ့ အလှတွေကြောင့် ဟာဂျီဝန်းဆိုတာ လုံးဝပေါ်လွင်ပါတယ်။


လက်ရှိမှာဆိုရင် ဟာဂျီဝန်းက ‘Curtain Call: Trees Stand and Die’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးတစ်ယောက်ဆိုပေမယ့် မာနထောင်လွှားခြင်းမရှိဘဲ သာမန်သူတစ်ယောက်လိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ အများသုံးရထားကို စီးနေတဲ့ တောင်ကိုရီးယားမင်းသမီး ဟာဂျီဝန်းရဲ့ အကြောင်းကို ချစ်စဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

