ဒီကနေ့မှာ ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့တဲ့ စိုးပြည့်သဇင်

//s9.kh1.co/31/314d7d64abcaf0473c0314311666623b1499d474.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဒီကနေ့မှာ ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့တဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ ဒီကနေ့မှာတော့ အားလုံးရဲ့ အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင် ရဲ့ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ စိုးပြည့်လေးက ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အသက် ၃၀ နှစ် ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း အနေအေးပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ မွေးနေ့ကို ချစ်သူခင်သူများက မွေးနေ့ရက်မြတ် ဆုတောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။

Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin

တစ်နှစ်ထက် တစ်နှစ် အသက်အရွယ်အရ ‌ပြောင်းလဲလာခဲ့ပေမယ့်လည်း စိုးပြည့်လေးရဲ့ အလှတရားနှင့် ချစ်စရာကောင်းတာလေးတွေကတော့ ပြောင်းလဲ သွားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဆွဲဆောင်မှုရှိတဲ့ အပြုံလေးတွေနှင့် ရိုးရှင်းတဲ့ နေထိုင်မှုလေးတွေကြောင့် ပရိသတ်တွေ ချစ်အားပိုနေရတာ ဖြစ်ပါတယ်။

Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin

လတ်တလောမှာ စိုးပြည့်လေးက အနုပညာလှုပ်ရှားမှုထက် Live Sale တွေမှာ ပိုပြီး တွေ့လာ ရပါတယ်။ ဒီကနေ့မှာတော့ စိုးပြည့်လေးရဲ့ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့တာကြောင့် မွေးနေ့ကနေစပြီး ကျန်းမာပျော်ရွှင်ကာ အနုပညာအလုပ်တွေကို ဒီထက်မက လုပ်ကိုင်နိင်အောင် Myanmarload ပရိသတ်တွေကလည်း ဆုတောင်းပေးကြပါဦးနော်.....။

Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin

သတင်း အရင်းအမြစ်Source - Zwe Naing Win

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T