Season 2 မှာ Min Ho ပြန်လာပြီး Lee Jong Suk နဲ့သားဦးလေးကိုမွေးပေးနိုင်မလား?

https://s9.kh1.co/c8/c8ca9ef39f5db15462db0c2b75e0d0e8ff83a4fa.jpg
အနုပညာရှင်များ
 22-Sep-2022 12pm · 15 days ago

မင်္ဂလာဆောင်ပုံတွေကို ထုတ်ပြန်ပေးလိုက်ပြီး ပရိသတ်တွေကြားအာရုံစိုက်စရာ‌..

လူကြိုက်များပြီး ကြည့်ရှုသူများခဲ့တဲ့ Big Mouth ဟာပြီးသွားပြီဆိုပေမယ့် ပရိသတ်တွေကတော့လွမ်းဆွတ်သတိရနေဆဲဖြစ်ပါတယ်။ ပြီးတော့လည်းလည်းနောက်ဆုံးဇာတ်သိမ်းပိုင်း ဟာပရိသတ်တွေကိုတော်တော်လေး မကျေမချမ်းဖြစ်စေပါတယ်။ ဒါ့ကြောင့်ပရိသတ်တွေက သူတို့ဖာသာသူတို့ happy ending လေးတစ်ခုကိုသူတို့ဖာသာသူတို့ စဥ်းစားလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=979,q=100/c1/c109fabf59600e318c98dde4bdbf62013c0a3796.png

မကြာခင်ကပဲ MBC ကအရင်ကမထွက်ဖူးသေးတဲ့ Min Ho(Yoona) နဲ့ Chang Ho(Lee Jong Suk) တို့ရဲ့မင်္ဂလာဆောင်ပုံတွေကို ထုတ်ပြန်ပေးလိုက်ပြီး ပရိသတ်တွေကြားအာရုံစိုက်စရာ‌ဖြစ်ခဲ့ပါတယ်။ အချို့တွေဆို သူတို့နှစ်ဦးသားပျော်နေတဲ့ပုံတွေကို ကြည့်ပြီး Season 2 ကိုတောင်လိုချင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=541,q=100/f2/f2022bd4be5c6824337fe4a3df6283d14d0519d6.png
https://s9.kh1.co/__image/w=650,h=918,q=100/41/4152bac7696ae3645edb893756e59c10e01caecf.png

ဒါပေမယ့်အချို့ကတော့ ကိုယ်ဖာသာပဲ Lee Jong Suk ရဲ့ ငယ်ငယ်ကပုံလေးကို Yoona နဲ့ရိုက်ထားတဲ့ မင်္ဂလာဆောင်ပုံကြားတွဲထည့်ပေးပြီး သူတို့နှစ်ယောက်ရဲ့ ဖအေတူသားဦးလေးဆိုပြီး အွန်လိုင်းပေါ်မှာတော်တော်များများရဲ့ အာရုံစိုက်တာကိုခံနေရပါတယ်။ တဆက်တည်းမှာပဲ Miho လေးကိုပြန်ခေါ်လာဖို့ဆိုတဲ့ သူတို့ရဲ့ဆန္ဒတွေကိုဖော်ထုတ်နေကြပါတယ်။  

https://s9.kh1.co/__image/w=650,h=541,q=100/e4/e4f3be6a528d956d5bfa0d12551d218304b8bc5f.png

Big Mouth ရဲ့နောက်ဆုံးပိုင်းထုတ်လွှင့်အပြီးမှာဆိုရင် ကြည့်ရှူသူတစ်ဟုန်ထိုးတက်လာခဲ့ကာ ကြည့်ရှုသူတွေအားလုံးကိုလည်း မျက်လုံးပြူးစေခဲ့ပါတယ်။ အဲ့ဒီအပိုင်းမှာ မင်ဟိုလေးသေသွားခဲ့တာကို ပရိသတ်တွေက အဓိကမကျေမနပ်ဖြစ်ခဲ့ပါတယ်။ ထုတ်လုပ်ရေးဘက်ကတော့ Season 2 ထွက်၊ မထွက်ပြောဖို့အရမ်းစောသေးတယ်လိုတော့ ပြောထားပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း