‘Inside The Dream’ မှတ်တမ်းရုပ်ရှင်ကြီးမှာ ကမ္ဘာကျော် Cele တွေနဲ့ အတူသရုပ်ဆောင်သွားမယ့် LISA

//s9.kh1.co/e2/e23126a19f3cbf90bc94c31fa88bcc7ccdb0e4b6.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

‘Inside The Dream’ မှတ်တမ်းရုပ်ရှင်ကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ့် LISA

BLACKPINK အဖွဲ့ဝင် LISA က သူမကို Global Ambassador အဖြစ် ခန့်အပ်ထားတဲ့ Bulgari Brand ရဲ့ ‘Inside The Dream’ အမည်ရှိ Special Documentary မှာ နာမည်ကျော် ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Zendaya , Chiara Ferragni အပြင် တခြားသော supporting Actress တွေဖြစ်ကြတဲ့ Lily Aldrige , Priyanka Chopra-Jonas & Lucia Silvestri တို့နှင့်အတူ ပါဝင်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/c9/c9438158e910d4faab124a8d2878afd4905791de.png

စက်တင်ဘာလ 11 ရက်နေ့မှာ Inside The Dream မှတ်တမ်းရုပ်ရှင် ပိုစတာကို ရုတ်တရက် ပြောင်းလဲခဲ့ပြီး Prime Video ပလပ်ဖောင်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အချက်အလက်တွေကို အပ်ဒိတ်လုပ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း Lisa (BLACKPINK) ရဲ့ ပုံလေးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cc/ccd698555ddadfd5267a6f306dda2e5e95be7a9c.webp

အဆိုပါ Special Documentary ဟာဆိုရင် Luxury Brand တစ်ခုဖြစ်တဲ့ Bvlagri Brand ရဲ့ နောက်ကွယ်က ဇာတ်လမ်းအကြောင်းအရာတွေကို ရိုက်ကူး‌ပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး Bvlagri Brand အနေနဲ့ ပူးတွဲကျင်းပသွားမယ့် ယခုနှစ် တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ ဒီမှတ်တမ်းရုပ်ရှင်ကို ပွဲဦးထွက်အနေနဲ့ ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=542,q=100/23/233f7133c3e72b6d5ec3ea34bc3f104ccc32ae66.jpg

တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးဟာဆိုရင် ကမ္ဘာပေါ်မှာ လူအများတက်ရောက်ကြတဲ့ အကြီးဆုံး ရုပ်ရှင်ပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 47 ကြိမ်မြောက် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ကျင်းပသွားမှာဖြစ်ပြီး စက်တင်ဘာ ၈ ရက်ကနေ ၁၈ ရက်နေ့ထိတိုင် ပြုလုပ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e7/e78c464fbfdae3ac93afa56f6384b90f095b0325.jpg

‘Inside The Dream’ ကိုတော့ စက်တင်ဘာ 18 နေ့ထိ အတောအတွင်းမှာ တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသသွားမှာဖြစ်ပြီး Amazon Prime Video ကနေတော့ ဒီလထဲမှာပဲ ကြည့်ရှုနိုင်မှာပါ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T