ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောတစ်ယောက်ဖြစ်တဲ့ Mai Davika ကတော့ ပီပြင်တဲ့ သရုပ်ဆောင်ချက် တွေနဲ့အတူ ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ထိုင်းမင်းသမီးချောတစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ Brand တွေရဲ့ Ambassador အဖြစ် ခန့်အပ်ထားခြင်းခံရတဲ့ အရည်အချင်းရှိတဲ့ သူလေးလည်း ဖြစ်ပါတယ်။


Davika က ထိုင်းအနုပညာနယ်ပယ်မှာ ဝင်ငွေအကောင်းဆုံး အနုပညာရှင် စာရင်းဝင်သလို ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေလည်း လုပ်ကိုင်သူဖြစ်ပါတယ်။ ဒါ့အပြင် “misstar cafe by davika” ဆိုတဲ့ ကော်ဖီဆိုင်လေးလည်း ဖွင့်ထားပါသေးတယ်။ ကော်ဖီဆိုင်ကို ခြံအကျယ်ကြီးထဲမှာ ဖွင့်ထားတာဖြစ်ပြီး တန်ဖိုးက သိန်းပေါင်း ၂၀၀ မီလီလျံလောက် တန်ဖိုးရှိပါတယ်။


ဒါ့အပြင်လူ 200 300 လောက်ဆံ့တဲ့ မင်္ဂလာပွဲကျင်းပလို့ရသည်ထိကို ကျယ်ဝန်းပါတယ်။ တစ်ခြားနေရာကို ရောက်သွားသလို ခံစားနိုင်အောင် သစ်ပင်တွေကအစ ဖန်တီးပေးထားပါတယ်။ လေထုကအစ လတ်ဆက်ပြီး Fresh ဖြစ်နေစေမှာပါ။ ကော်ဖီလာသောက်တဲ့ သူလေးတွေလည်း Photos တွေ ရိုက်လို့ရအောင် Decoration လှလှလေး ပြင်ဆင်ပေးထားပါတယ်”လို့ Davika က ပြောပြထားပါတယ်။




သတင်း အရင်းအမြစ်៖ thailand.postsen.com