ကမ္ဘာကျော်လောက်အောင်ကို ရေပန်းစားလူချစ်များတဲ့ Maroon 5 အဖွဲ့ရဲ့ အဆိုတော် စော်ကြည်ဘဲဖြစ်တဲ့ Adam Levine ဟာ သူ့ရဲ့ရှုပ်ပွေမှုကြောင့် လတ်တလောမှာ သူ့ရဲ့ အမျိုးသမီးထံမှ တရားစွဲဆိုခြင်းကို ခံနေရတယ် လို့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရပါတယ်။


Adam Levine ဟာ ကိုယ်ဝန်ဆောင်ဇနီးသည် Behati Prinsloo ကို လိမ်လည်မှုဖြင့် စွပ်စွဲခံထားရကြောင်းသိရပါတယ်။ သူတို့စုံတွဲဟာ (၂၀၁၄) ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက်ရှိတာဖြစ်ပြီး လက်ရှိကိုယ်ဝန်ဟာ တတိယမြောက် ရင်သွေးဖြစ်တယ်လို့ သိရပါတယ်။


Wion News ရဲ့ အဆိုအရ အသက် (၂၃)နှစ်အရွယ်ရှိ မော်ဒယ် Sumner Stroh ဟာ ပေါ့ပ်စတား Adam Levine နှင့် တွဲခုတ်နေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေပါတယ်။ သူမကိုယ်တိုင်ကလည်း Tiktok ပေါ်မှာ " ကျွန်မဟာ Victoria's Secret မော်ဒယ်နဲ့ လက်ထပ်ထားတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆက်ဆံရေးရှိနေတယ်" လို့ ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် Adam Levine ကိုယ်တိုင်က သူ့ရဲ့တတိယမြောက် ရင်သွေးရဲ့နာမည်ကို သူ့အငယ်အနှောင်းဖြစ်တဲ့ Sumner ရဲ့ နာမည်ကိုပေးချင်တယ်လို့ပြောကြားထားတယ်လို့လည်းသိရပါတယ်။


