လက်မထပ်ခင် တစ်လ အလိုမှာ အရေးကြီးတဲ့ ကိစ္စလေး တစ်ခုလုပ်လိုက်တဲ့ မင်းသမီး Gong Hyo Jin

//s9.kh1.co/3d/3d20c8d9b178e919cc3ad867e13a42eb005c4a61.jpg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

လက်မထပ်ခင် တစ်လ အလိုမှာ အရေးကြီးတဲ့ ကိစ္စလေး တစ်ခုလုပ်လိုက်တဲ့ မင်းသမီး Gong Hyo Jin

တောင်ကိုရီးယား နာမည်ကျော်မင်းသမီး Gong Hyo Jin ဟာဆိုရင်  သူမထက်အသက် ၁၁ နှစ်ငယ်တဲ့ချစ်သူကောင်လေး kevin oh နဲ့ လက်ထပ်တော့မှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/18/188155538bce1242295c6fec3aa8823a76199ed6.jpeg

မင်းသမီး Gong Hyo Jin က ချစ်သူကောင်လေးနဲ့ လက်မထပ်ခင်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ပါတယ်။စက်တင်ဘာလ ၁ ရက်နေ့မှာ မင်းသမီး Yoon Seung Ah က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ“အိမ်နီးနားချင်းတွေနဲ့ တွေ့ဆုံပွဲ မလုပ်ခဲ့တာ အချိန်နည်းနည်းတောင် ကြာသွားခဲ့ပြီ “ ဆိုတဲ့ စာသား လေးနဲ့ ဓာတ်ပုံလေးတွေဝေမျှခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/21/2190f47a28cc1b6eda2b9ce9d5d4e98049826b32.jpeg

ဓာတ်ပုံထဲမှာ သူမနဲ့ အတူ မကြာခင်လက်ထပ်တော့မယ့် သတို့သမီးလောင်းလေး Gong Hyo Jin ကိုပါ တွဲပြီးတွေ့ရပါတယ်။ Gong Hyo Jin က အိမ်နီးချင်းတွေအတွက် နှုတ်ဆက်ပါတီပွဲလေး လုပ်ပေးတဲ့ ပုံစံ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=520,h=400,q=100/0a/0acd49596f491898e67db27e69c50621688edfc3.jpeg

မကြာသေးမီကလည်း Gong Hyo Jin က သူမရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါသေးတယ်။ Gong Hyo Jin က မြန်မာတွေရဲ့ ဓလေ့နဲ့ နှိုင်းယှဉ်ပြောရရင် မင်္ဂလာ မဆောင်ခင်မှာ သူငယ်ချင်းတွေနဲ့ တွေ့သလိုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/45/45992b63be79269e4217f98f73fd9f094be1c4eb.jpeg

Gong Hyo Jin က ပွဲပါတီမှာ ဝိုင်တွေ မုန့်တွေနဲ့ အခြား စားစရာတွေကို အပြည့်တည်ခင်းထားပါတယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ မြင်ကွင်းလေးက ပရိသတ်တွေကိုပါ ကြည်နူးသွားစေခဲ့ပါတယ်။ တောင်ကိုရီးယား မင်းသမီးGong Hyo Jin ရဲ့ ချစ်စဖွယ် ပုံရိပ်လေးကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ် ။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T