ကမ္ဘာကျော် BTS အဖွဲ့ဟာသူတို့ရဲ့ ဘူဆန်အခမဲ့ဖျော်ဖြေပွဲကြီးကို အောက်တိုဘာလ ၁၅ ရက်နေ့ မှာကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအခမဲ့ဖျော်ဖြေပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ညနေ ၆နာရီကစပြီး Busan Asaid ကွင်းကြီးမှာစတင်ကျင်းသွားမှာဖြစ်ပြီး အဲ့ဒီဖျော်ဖြေပွဲကို Yet to Come လို့နာမည်ပေးထားပြီး 2030 Busan World Expo အတွက်ပြုလုပ်တဲ့အစီအစဉ်တစိတ်တပိုင်းလည်းဖြစ်ပါတယ်။

အစီအစဉ်ကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weverse ပေါ်မှာတိုက်ရိုက် live လွှင့်သွားမှာဖြစ်ပြီး တစ်ကကမ္ဘာလုံးကပရိသတ်တွေက စောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ယခင်ကလည်း BTS အဖွဲ့ဝင်တွေရဲ့ ပွဲတချို့ကို Weverse ကနေ live လွှင့်ဖူးပြီးကြည့်ရှုသူတွေလည်း သန်းပေါင်းများစွာရှိခဲ့ဖူးပါတယ်။ Weverse အနေနဲ့သူ့ပလက်ဖောင်းပေါ်မှာ တိုက်ရိုက်လွှင့်ပါကရွေးချယ်စရာတွေ အများကြီးစီစဥ်ပေးထားပြီး app အပြင် website နဲ့ tv မှာပါကြည့်နိုင်မှာဖြစ်ပါတယ်။

ပြီးတော့လည်း Live မှာဘာသာပြန်ပါဝင်ပြီး၊ အင်္ဂလိပ်၊ ဗီယက်နမ်၊ ထိုင်း အပါအဝင်ဘာသာစကား ၆ ခုပါဝင်လို့တစ်ကမ္ဘာလုံးကကြည့်ဖို့အဆင်ပြေစေတယ်လို့လည်း သိရပါတယ်။ BTS ပွဲကိုအခမဲ့ကျင်းပမယ့်သတင်းတွေဟာ အရင်လတွေကတည်းကထွက်နေခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ကြည့်ရဖို့အရေး စောင့်မျှော်နေကြပါတယ်။
Photos-credit
Source: KBIZoom