တူညီတဲ့ pose တစ်ခုထဲကိုပဲ ၂ နှစ်လောက်ကြာအောင် Selfie ဆွဲခဲ့တဲ့ မင်းသား Ji Jin Hee

//s9.kh1.co/f2/f2eab83fbd512eb75a3f14bc1d59ec810b882a5a.jpg
အနုပညာရှင်များ

 ၁၉-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

တူညီတဲ့ pose တစ်ခုထဲကိုပဲ ၂ နှစ်လောက်ကြာအောင် Selfie ဆွဲခဲ့တဲ့ မင်းသား Ji Jin Hee

ကိုရီးယားအင်တာနက်အသုံးပြုသူတွေက လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပြောင်းလဲသွားခြင်းမရှိတဲ့ မင်းသား Ji Jin Hee ရဲ့ Selfie ပုံတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ စက်တင်ဘာလ 14 ရက်နေ့က "Ji Jin Hee ရဲ့ Instagram ကိုကြည့်ရအောင်" လို့ အမည်ပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို "theqoo" မှာ တင်ခဲ့ပြီး အချိန်တိုအဏအတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံစိုက်ခံရမှုကို ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=600,q=100/e9/e9f5baf43e766d8d6fe5bc6174b77667464d5f3c.jpg

တူညီတဲ့ ကိုယ်နေဟန်ထားနဲ့ Pose တွေပေးထားခဲ့တဲ့ ဓာတ်ပုံတွေကို Ji Jin Hee က သူ့ရဲ့ Instagram feed မှာ တင်ထားတာပါ။ ပထမဆုံးပုံကို 2020 ခုနှစ် ဧပြီလမှာ တင်ခဲ့တာဖြစ်ပြီး အဲ့ပုံတင်ပြီးနောက်မှာ ရုပ်ရှင်ပရိုမိုးရှင်းတွေနဲ့ လတ်တလော Update တွေကလွဲပြီး သူ Personal တင်တဲ့ Selfie တွေက အဲ့ပုံတွေနဲ့ပဲ ပြည့်နေခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/68/680ded5911a9fb33a6879ca75d3485d20ae795d2.png

ဒီလို ထူးဆန်းတဲ့ ဖြစ်စဉ်ကို မြင်လိုက်ရတော့ အင်တာနက်သုံးစွဲသူတွေက "ဒါက အကြောင်းပြချက်တစ်ခုရှိရမယ်..."၊ "ဒါက တကယ်ကို ရူးသွပ်တာပဲ"၊ "ရှေ့ကရိုက်ချက်နဲ့ ကြည့်ရတာ အရမ်းမလွယ်ပါဘူး၊ အများကြီးပဲ" အစရှိတဲ့ Comment တွေ ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/07/0734617f5a533d1087aa1b23c6fa6f45b1a0ee0e.png

ဒါပေမယ့်လည်း Ji Jin Hee ကတော့ tvN ဖျော်ဖြေရေးအစီအစဉ် “You Quiz on the Block” မှာ ပါဝင်ခဲ့ပြီး အဆိုပါ အလားတူ Pose တွေ တင်ရတဲ့ အကြောင်းတွေကို ရှင်းပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=566,h=1024,q=100/79/7918ed8d5c2a4f2178cbfac8c2cc9bfb26b413e9.png

Ji Jin Hee က “ကျွန်တော်ဒီလို Selfie ဆွဲရတယ်ဆိုတာက ကျွန်တော်ရဲ့ မျက်နှာအမူအရာတွေက ကြည့်ရှုသူတွေရဲ့ ခံစားချက်ကို ပြောင်းလဲစေတာကြောင့်ပါ” ပြောကြားခဲ့ပါတယ်။Ji Jin Hee က Netflix ရဲ့ မူရင်းစီးရီး “D.P” season 2 မှာ ပါဝင်ဖို့ အတည်ပြုခဲ့ပြီး Jung Hae In၊ Goo Kwan Hwa၊ Kim Sung Kyun၊ Son Seok Gu တို့နဲ့ အတူ အခြားသရုပ်ဆောင်တွေနဲ့ ပူပေါင်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T