မင်းသမီးချောလေးနဲ့လက်ထပ်ပြီး ပြည့်စုံတဲ့မိသားစုဘဝကို ရရှိထားတဲ့ မင်းသား Han Jae Suk

//s9.kh1.co/5b/5b670a0048e219188daef80a166839f767cf0096.jpg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

မင်းသမီးချောလေးနဲ့လက်ထပ်ပြီး ပြည့်စုံတဲ့မိသားစုဘဝကို ရရှိထားတဲ့ မင်းသား Han Jae Suk

တောင်ကိုရီးယားမင်းသား Han Jae Suk ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ၊ ဖန်ရွှေနင်းနဲ့ယမင်းရွှေစင် ဇာတ်လမ်းတွဲအပြင် အခြား နာမည်ကြီးတဲ့ ဇာတ်လမ်းပေါင်းများစွာနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Han Jae Suk ကဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်တာကြောင့် လူသိများတဲ့သူတစ်ယောက်ဆိုပေမယ်အခုနောက်ပိုင်းဇာတ်လမ်းတွဲတွေမှာ သူ့ကိုသိပ်ပြီး မတွေ့ရတော့ပါဘူး။

https://s9.kh1.co/__image/w=600,h=481,q=100/75/75c3f1dee8827a871f8de3601c0ab34374473c34.jpeg

Han Jae Suk က The Winter Sonata ရဲ့ မင်းသမီး Park Sol Mi နဲ့ ၃ နှစ်ကြာချစ်ကြိုက်ခဲ့ပြီးနောက် မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၀ ခုနှစ်တုန်းက ဒရမ်မာဖြစ်တဲ့ Merchant Kim Man Deok မှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ နှစ်ဦးသား တွဲနေတုန်းက ပျက်သွားပြီဆိုတဲ့ သတင်းတွေ ခဏခဏထွက်ခဲ့ပေမယ့် ထွက်လာတဲ့ သတင်းတိုင်းကို မဟုတ်တဲ့အကြောင်း ပြန်လည် ငြင်းခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ed/ed3920a9d6cb1fc3cfe9d094fa9e2edc6cb9fe09.jpeg

၂၀၁၄ ခုနှစ်မှာ မင်းသမီး Park Sol Mi က ကျန်းမာသန်စွမ်းတဲ့ သမီးဦးလေးကို မွေးဖွားခဲ့တာကြောင့် အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးက မိဘတွေ ဖြစ်လာကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ မင်းသမီး Park Sol Mi က နောက်ထပ် သမီးလေးကို ထပ်မံမွေးဖွားခဲ့ပါတယ်။ လက်ရှိမှာဆိုရင် မင်းသား Han Jae Suk ရဲ့သမီးလေးတွေက တော်တော်လေးတောင် အရွယ်ရောက်လာကြပြီပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=430,h=331,q=100/f0/f0f956492054148b3255a523f3abfcd4f5338599.jpeg

တောင်ကိုရီးယားမင်းသား Han Jae Suk က လျှမ်းလျှမ်းတောက် အောင်မြင်တဲ့သူဆိုပေမယ့် နောက်ပိုင်းတွေမှာအနုပညာအလုပ်တွေ မလုပ်တော့ပါဘူး။တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားကြီးက လက်ရှိမှာပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားပြီး သာယာလှပတဲ့ ဘဝ လေးမှာ နေထိုင်နေပြီပဲ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T