တောင်ကိုရီးယားမင်းသမီး Goo Hye Sun ရဲ့ ခွေးလေးဟာဆိုရင် သူမနဲ့အချိန်အကြာကြီးနေထိုင်ပြီးတဲ့နောက်မှာလောကကြီးကနေ ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကို Goo Hye Sun က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Goo Hye Sun က ကျွန်မရဲ့ အရာအားလုံးလိုမျိုးဖြစ်နေတဲ့ နတ်သမီးလေး Gamja နတ်ပြည်ကိုထွက်သွားတာ အချိန်တစ်လလောက်တောင် ကြာသွားခဲ့ပါပြီလို့ ဝမ်းနည်းစွာနဲ့ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။Goo Hye Sun က ခွေးကလေး ကွယ်လွန်သွားခဲ့တာ လွန်ခဲ့တဲ့ တစ်လ ကတည်းကဆိုပေမယ့် အခုမှကြေညာဖြစ်ခဲ့တဲ့ အကြောင်းကို ထပ်မံရှင်းပြခဲ့ပါတယ်။

အဲဒါကတော့ အဲဒီနေ့က မိုးတွေ အရမ်းရွာနေခဲ့တာကြောင့်Gamja လေး ထွက်သွားတာကို မပြောခဲ့တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။လူတိုင်းဒုက္ခရောက်နေတဲ့ အချိန်ဖြစ်တာကြောင့် Gamja လေးရဲ့ သတင်းကို အသိမပေးခဲ့တာဖြစ်ပြီး Gamja လေးကို ချစ်တဲ့ သူတိုင်းကို ကျေးဇူးတင်ကြောင်း Goo Hye Sun က ဆိုပါတယ်။
Gamja လေး ဆုံးသွားပေမယ့် သူမရဲ့ရင်ထဲမှာ အမြဲရှိနေမှာဖြစ်ကြောင်း ၊Gamja လေးကို ချစ်ကြောင်း အပိတ်အနေနဲ့ ပြောခဲ့ပါသေးတယ်။တောင်ကိုရီးယားမင်းသမီး Goo Hye Sun က သူမရဲ့ခွေးလေးကို အရမ်းချစ်ပြီး ခွေးကလေးကို မိသားစုဝင်တစ်ယောက်လိုမျိုးအထိ ဆက်ဆံတဲ့သူဖြစ်ပါတယ်။

Goo Hye Sun ရဲ့ ခွေးကလေး ဆုံးပါးသွားတဲ့ ပိုစ့် အောက်မှာပရိသတ်တွေက “နှုတ်ဆက်ပါတယ် ခွေးကလေး Gamja ရေ ..” “ ကောင်းရာသူဂတိလားပါစေ ခွေးကလေး Gamja ရေ ..” “Gamja ရေ မင်းကို ဟူးမန်းတို့ချစ်တယ်နော် ..” “အားတင်းထားပါ Goo Hye Sun လေး” စတဲ့ မှတ်ချက်လေးတွေ ဝင်ရေးပေးထားကြပါတယ်။ခွေးကလေး Gamja က Goo Hye Sun နဲ့ အတူတွဲပြီး တီဗီဖန်သားပြင်ပေါ်မှာ ပါဝင်ဖူးတဲ့သူဖြစ်ပြီး ပရိသတ်တွေဆီကနေ အချစ်တွေ အများကြီး ရရှိထားတဲ့သူလေးဖြစ်ပါတယ်။