ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသား Nadech ကတော့ မင်းသမီး YaYa နဲ့ တွဲလာတာ ၁၁ နှစ် ချစ်သူသက်တမ်းရှိပြီဖြစ်ပြီး လူတိုင်းအားကျရတဲ့ Gold Couple လေး လည်း ဖြစ်လို့နေပါတယ်။

နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားကြတဲ့ သူတို့အတွဲလေးကို နှစ်ဖက်မိဘတွေလည်း သဘောတူထားတာကြောင့် မင်္ဂလာသတင်းလေးကို ပရိသတ်တွေက စောင့်မျှော်နေကြတာဖြစ်ပါတယ်။

မကြာသေးမီရက်ပိုင်းက Nadech က နှာခေါင်းစည်းမပါဘဲ အများပြည်သူသုံး ရထားပေါ်မှာ စီးနင်းခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် Nadech ကတော့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကောင်မလေးနဲ့ Date နေတာပဲ ဖြစ်ပါတယ်။Nadech ရဲ့ သူ့ရဲ့ Instagram မှာ "Love each other. You can see." ဆိုတဲ့ Caption လေးနဲ့ အတူ Ya Ya နဲ့ Date နေတဲ့ ပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။

မင်းသမီး Yaya ကတော့ ချိုလွန်းတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်တတ်တဲ့သူဖြစ်တာကြောင့် Nadech က "ကောင်မလေးအကြိုက်ကို လိုက်ကျွေးနေတယ်။ ကောင်မလေး စကားကို နားထောင်တဲ့ ချစ်သူလေး"ဆိုပြီး ပရိသတ်တွေကြားမှာ လူပြောများနေတာပဲ ဖြစ်ပါတယ်။






