ကြောင်လေးတွေကို ချစ်တတ်တဲ့ Lisa နဲ့သူ့ကြောင်လေး Leo…

//s9.kh1.co/69/6956daa9553229da4793cb99f26e8e3edd7847d4.jpg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

Lisa က စက်တင်ဘာ ၁၃ ရက်နေ့က သူ့ရဲ့…

အိမ်မွေးတိရိစ္ဆာန်တွေထဲမှာဆိုရင် ကြောင်ကလေးတွေဟာလူတွေနဲ့အနီးစပ်ဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးသတ္တဝါလေးတွေဖြစ်ပါတယ်။ နာမည်ကြီး Blackpink အဖွဲ့ဝင် Lisa ဟာလည်းကြောင်လေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/2f/2f4dee7dcbfec8a5deb1867fe8a09389678998aa.png

မကြာခင်ကမှ သူ့ရဲ့ကြောင်လေး Leo ရဲ့မွေးနေ့ပွဲလေးကိုလုပ်ခဲ့ပါတယ်။ Lisa က စက်တင်ဘာ ၁၃ ရက်နေ့က သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက်ဖွင့်ထားတဲ့ အင်စတာဂရမ်မှာ ပုံနဲ့ဗီဒီယိုလေးတင်ခဲ့ပြီး " လုံးဝမလေးဘူး " လို့ရေးထားပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/9f/9f6cd4a2508763fc6d5dfacfde2ba623edafe346.webp

ပုံထဲမှာသူ့ကြောင်လေး Leo ကသူ့ရဲ့ဗိုက်ပေါ်မှာတက်ပြီး အိပ်နေကာဇိမ်ကျနေပါတယ်။ သူ့ဗိုက်ပေါ်မှာမှောက်အိပ်နေတာကြောင့် လီဆာအနေနဲ့လှုပ်မရဖြစ်နေတာကိုတွေ့ရပြီး ဇိမ်ကျနေတဲ့ကြောင်လေး Leo အနေနဲ့ လီဆာရဲ့ဗိုက်ပေါ်ကဖယ်ပေးချင်ဟန်မပေါ်ပါဘူး။

https://s9.kh1.co/__image/w=650,h=813,q=100/b0/b07ceb5d8097e8ea851404dfd6546e5c17f46c05.webp

ဗီဒီယိုကိုကြည့်ခဲ့တဲ့ အင်တာနက်သုံးသူတွေကတော့ Lisa ရဲ့ကြင်နာတတ်တဲ့စိတ်ထားကိုချီးကျူးနေကြပြီး၊ ချစ်စရာကောင်းတဲ့ လီဆာနဲ့ကြောင်လေးလီယိုကိုလည်း ‌သဘောကျနေကြပါတယ်။

Photos- credit

Source; Allkpop 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T