စုထားတဲ့ငွေကြေးလေးတွေ ပြန်ပေးပြီး မိသားစုကိုကျေးဇူးတင်ကြောင်း ပြသခဲ့တဲ့ဒါရိုက်တာရင်ရဲ့ သမီးလေး

//s9.kh1.co/ba/baa1c5f99dfd48fdc5d78dece1fd95c6a7e59a73.jpg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိဘတွေအပေါ် စုထားတဲ့ငွေကြေးလေးတွေ ပြန်ပေးပြီး ကျေးဇူးတင်ကြောင်း ပြသခဲ့တဲ့ဒါရိုက်တာရင်ရဲ့ သမီးလေး

တောင်ကိုရီးယား သရုပ်ဆောင် Ko So Young နဲ့ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသားကြီး Jang Dong Gun ရဲ့သမီးလေးဟာဆိုရင် မကြာသေးမီက မိဘတွေ အပေါ်ကို ကျေးဇူး သိတတ်မှုလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ ဒီအကြောင်းအရာကို မင်းသမီး Ko So Young က စက်တင်ဘာလ ၉ ရက်နေ့မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=772,q=100/bc/bc8a253bfe940f457bcf4f93446877c04cb80d80.webp

ဒါရိုက်တာရင်ရဲ့ ဇနီးဖြစ်သူက သူမရဲ့ သမီးလေးက စုဘူးလေးထဲကနေ စုထားတဲ့ငွေလေးတွေကို မိဘတွေအတွက် ထုတ်ခဲ့ကြောင်း ၊ ပြီးတော့ Shuseok အားလပ်ရက်အတွက် ဆုတောင်းပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/b7/b75fe44714f717d56601f25319d71d26c6bdf57f.jpeg

ငွေကြေး ပမာဏက အရမ်းကြီး မများပေမယ့် မိဘတွေအနေနဲ့ သမီးလေးဆီကနေအခုလိုမျိုး ကျေးဇူး သိတတ်မှုလေး ရခဲ့တဲ့အတွက် မင်းသမီး Ko So Young နဲ့ ဒါရိုက်တာရင်မင်းသားကြီးကအရမ်းကို ဂုဏ်ယူ ဝမ်းမြောက် နေကြပါတယ်။ တင်ထားတဲ့ ဓာတ်ပုံထဲမှာ Ko So Young က သမီးဖြစ်သူပေးထားတဲ့ တောင်ကိုရီးယားဝမ် ၅ သောင်းကို ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=719,q=100/73/73bee94e16fee7d601c5945d41150549734d0f3a.jpeg

ငွေ မမာဏလေးက အရမ်းမများပေမယ့် သမီးတစ်ယောက်ရဲ့ မိဘအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကအရမ်းကို ခိုင်မာတာကြောင့် ကြည့်ရှုသူတွေရဲ့ နှလုံးသားကို ထိခိုက်သွားစေပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာလည်း မင်းသမီး Ko So Young က သူမသမီးလေးအုတ်ဂူမှာ ကန်တော့နေတဲ့ ပုံရိပ်လေးကိုပါတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=402,h=629,q=100/28/2857d3025ff328b9ddf765a2f740fb4b122bc102.jpeg
https://s9.kh1.co/__image/w=402,h=689,q=100/f0/f0663166fa5f1d01340f9a5cc58882d5a9f22364.jpeg
https://s9.kh1.co/__image/w=563,h=700,q=100/10/10abc4963dfbe6ed67b92b501a99ab0b0776eafc.jpeg

Ko So Young နဲ့ ဒါရိုက်တာရင်တို့ရဲ့ သမီးလေးက အမေနဲ့အဖေတို့မျက်နှာနဲ့ ချွတ်ဆွတ်တူပြီး အရမ်းကို ချစ်ဖို့ကောင်းတာကိုတွေ့ရပါတယ်။ တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ko So Young နဲ့ Jang Dong Gun တို့က ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ရင်သွေးလေး နှစ်ယောက်ကိုဖွား မြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=808,q=100/10/103c4539557c39ebd311cf16c164a2f7884b708f.jpeg

သူတို့ထဲက သားလေးနာမည်က Jun Hyeok ဖြစ်ပြီး သမီးလေး နာမည်က Yoon Seol ဖြစ်ပါတယ်။ ဒါရိုက်တာရင်ရဲ့ ချစ်ဖို့ကောင်းတဲ့ သားနဲ့သမီးလေးနှစ်ယောက် အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T