Jennie နဲ့ Vတို့ဂျယ်ဂျူကျွန်းမှာချိန်းတွေ့ခဲ့ကြတယ်ဆိုတဲ့ ဓာတ်ပုံအဟောင်းများပြန့်နှံ့လာ ..

//s9.kh1.co/19/19c25b4cb821719a5a434eaa21a61371c8a72713.jpeg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

Jennie နဲ့ V တို့ ဂျယ်ဂျူကျွန်းမှာ ချိန်းတွေ့ခဲ့ကြတယ်ဆိုတဲ့ ဓာတ်ပုံအဟောင်းများ ပြန်ပြီးပြန့်နှံ့လာ ..

မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ BTS အဖွဲ့ဝင် V နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ဖြစ်တယ်လို့ ယူဆရတဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက် ဂျယ်ဂျူကျွန်းမှာ ချိန်းတွေ့နေကြတဲ့ ဓာတ်ပုံတွေ ထပ်ပြီးပျံ့နှံ့လာပါတယ်။ 

Google 
Google 
Google 
Google 
Google 
Google 

ဓာတ်ပုံတွေက စက်တင်ဘာလ ၁၆ ရက်နေ့မှာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ SNS ဆိုက်ဒ်တွေမှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီတစ်ခေါက် ပြန့်နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာ V နဲ့ Jennie က သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေဝတ်ပြီး လယ်ကွင်းပြင်ကြီးထဲမှာ ပျော်ရွှင်နေတာဖြစ်ပါတယ်။

Google 
Google 

V နဲ့ Jennie တို့လို့ ယူဆရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ နှဖူးကို နမ်းနေကြတဲ့ ဓာတ်ပုံကိုလည်း တွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံကတော့ အရင်တုန်းက တစ်ခါ ပြန့်နှံ့ပြီးသွားပါပြီ။ အခုမှ နေရာနဲ့တကွ ထပ်ပြီး ပြန့်လာတာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတွေ့ရတဲ့ ပုံစံ အခြေအနေနဲ့ ရာသီဥတု အခြေအနေက မေလလောက်အချိန်ဖြစ်ပြီး တည်နေရာကတော့ ဂျယ်ဂျူကျွန်းဖြစ်လောက်တယ်လို့ Netizen တွေက ခန့်မှန်းထားကြပါတယ်။  

Google 
Google 
Google 
Google 

ဓာတ်ပုံတွေကို ဖြန့်ခဲ့တဲ့သူက အဆိုပါစုံတွဲကို V နဲ့ Jennie လို့ သတ်မှတ်ခဲ့ကြပေမယ့် မျက်နှာတွေကို သေချာမမြင်ရတာကြောင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Google 
Google 

V နဲ့ Jennie တို့ တွဲနေကြတယ်ဆိုတဲ့သတင်းတွေက မေလ လောက်ကတည်းက စတင်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။  ဒီသတင်းနဲ့ပတ်သက်ပြီး V ရဲ့ အေဂျင်စီ Hybe နဲ့ Jennie ရဲ့ အေဂျင်စီ YG Entertainment တို့က ဖြေရှင်းထားခြင်း မရှိသေးပါဘူး။

Google 
Google 
Google 
Google 
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T