တောင်ကိုရီးယား အနုပညာရှင်စုံတွဲလို့ပြောလိုက်ရင် ဟွန်ဘင်းနဲ့ဆွန်ရီဂျင်း ၊ ဝွန်ဘင်းနဲ့လီနာယောင်း ၊ ယွန်းဂျန်ဟွန်းနဲ့ဟန်ဂါအင်း ၊ ရိန်းနဲ့ကင်တေဟီး တို့ကို အရင်ဆုံး ပြေးပြီး မြင်မိကြမှာပါနော်။ သူတို့ စုံတွဲလေးအပြင် ပရိသတ်တွေ ချစ်ကြတဲ့ နောက်ထပ် အနုပညာရှင် စုံတွဲလေးလည်း ရှိပါသေးတယ်။ သူတို့ နှစ်ဦးကတော့ တောင်ကိုရီးယားမင်းသမီး Ko So Young နဲ့ ဒါရိုက်တာရင်လို့လူသိများတဲ့ မင်းသားကြီး Jang Dong Gun တို့ပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးသားက အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပြီး လူမြင်ကွင်းမှာလည်း အတူတကွ လျှောက်သွားလေ့ရှိကြပါတယ်။ အခုတစ်ခေါက် တောင်ကိုရီးယားနိုင်ငံရဲ့ Chuseok အားလပ်ရက်မှာလည်း သူတို့ လင်မယား နှစ်ဦးဟာ အတူတကွ လျှောက်လည်နေကြတာဖြစ်ပါတယ်။ ဒါရိုက်တာရင်တို့ လင်မယားက Lotte Department Store ရဲ့ Avenuel Jamsil branch မှာ အတူတကွ ချိန်းတွေ့နေခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေနဲ့ တကွ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံလေးတွေထဲမှာ Ko So Young က ပိန်သွယ်ပါးလျာတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကို ပေါ်လွင်စေမယ့် အနက်ရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ သူမရဲ့နောက်က ပုံရိပ်ထဲမှာ ခင်ပွန်းဖြစ်သူ Jang Dong Gun ရဲ့ ပုံရိပ်ကိုပါမြင်တွေ့ရပြီး မိန်းမဖြစ်သူကို ဂရုတစိုက် ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံရိပ်လေးက ချစ်ဖို့ကောင်းလွန်းနေပါတယ်။

လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် ချိန်းတွေ့ပြီး လျှောက်သွားနေကြတဲ့ ပုံရိပ်လေးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

ဒါရိုက်တာရင်းလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး Jang Dong Gun က ဇနီးဖြစ်သူ မင်းသမီး Jang Dong Gun နဲ့ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်နဲ့သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

အချိန်ကြာတဲ့အထိ အချစ်တွေ မပြောင်းလဲဘဲ ချစ်မြဲကြိုက်မြဲ Romantic ဆန်ဆဲ ဖြစ်နေတာကြောင့် ဒါရိုက်တာရင်တို့ ဇနီးမောင်နှံကို ပရိသတ်တွေက အချစ်တွေ ပိုနေကြပါတယ်။







