အားလုံးပဲ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းမှာ ဒုတိယဇာတ်ဆောင် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားထယ်ဆောက်ကို သိကြမှာပါနော်။ ထယ်ဆောက်က ချောမောလှပတဲ့ အပြင် ရီဝေတဲ့ မျက်လုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို များစွာ ရရှိထားတဲ့သူဖြစ်ပါတယ်။

အားလုံးပဲ ချစ်ကြတဲ့ ထယ်ဆောက်ရဲ့နာမည်အရင်းကတော့ Won Bin ပဲ ဖြစ်ပါတယ်။ Won Bin ကတော့ အနုပညာ လမ်းကြောင်းထက်ဆီကို ကြီးကြီးမားမားပြင်ဆင်ထားခြင်းမရှိဘဲ အစ်မ ဖြစ်သူ အလျင်စလို ရိုက်ကူးပေးတဲ့ ဓာတ်ပုံ ကြောင့် နာမည်ကြီးလာတာဖြစ်တယ်လို့ ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။

Won Bin က ဗီဒိုထဲမှာလိုက်ရှာပြီး စတိုင်အမိုက်ဆုံး အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ပြီး နောက်မှာ အစ်မဖြစ်သူက အုတ်နီခဲ နံရံနဲ့ နေရာလွတ်တစ်ခုမှာ ဓာတ်ပုံရိုက်ပေးခဲ့တယ်လို့ သိရပါတယ်။Won Bin ရဲ့ အစ်မ ဖြစ်သူက ဆံပင်ညှပ်သူတစ်ယောက်ဖြစ်တာကြောင့် Won Bin နဲ့ လိုက်ဖက်တဲ့ပုံစံကို ပြောင်းပြီး စတိုင်ကျကျလေး ပြင်ဆင်ပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Won Bin က ဓာတ်ပုံရိုက်ရတာ မကြိုက်နှစ်သတ်ပေမယ့် ကြိုးစားပမ်းစားနဲ့ အစ်မဖြစ်သူပြောတဲ့ ပုံစံအတိုင်း ရအောင် ရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။ အခုအချိန် ပြန်တွေးကြည့်လိုက်တဲ့အချိန်မှာတော့ အဲဒီလုပ်ရပ်က တော်တော် မဆင်မခြင်ဖြစ်တဲ့ အကြံဉာဏ်ဖြစ်တယ်လို့ Won Bin က ဆိုပါတယ်။

အခြားသူတွေက စတူဒီယိုမှာ သေသေချာချာနဲ့ သူတို့ရဲ့ ပရိုဖိုင် ဓာတ်ပုံတွေကို ရုပ်သံဌာနဆီတင်သွင်းဖို့ ဝမ်သန်းပေါင်းများစွာ သုံးစွဲနေချိန်မှာ ၊ Won Bin က တော့ လက်ဖဝါးအရွယ် ဈေးပေါတဲ့ ကင်မရာနဲ့ အုပ်နံရံကို ရိုက်ကူးခဲ့ပါတယ်။ အဆိုပါဓာတ်ပုံကို ပရိုဖိုင်အဖြစ် သုံးရင်းနဲ့ ပဲ Won Bin ကနာမည်ကြီး အောင်မြင်လာခဲ့တဲ့ သူဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသား Won Bin ဟာဆိုရင် ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းနဲ့ အလျင်အမြန် နာမည်ကြီးလာခဲ့တဲ့သူဖြစ်ပြီး တစ်ခါဆိုတစ်ကား အောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ Won Bin က ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက် ပေါ က်ဖွားလာတဲ့သူမဟုတ်တာကြောင့် ဟိတ်ကြီးဟန်ကြီးလည်း သိပ်မလုပ်တတ်တဲ့သူဖြစ်ပါတယ်။

Won Bin က ၂၀၁၅ ခုနှစ်မှာ တောင်ကိုရီးယားမင်းသမီး Lee Na-young နဲ့ သေးငယ်တဲ့ မင်္ဂလာပွဲကျင်းပခဲ့ပြီး သာယာလှပတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။အခြားသူတွေလိုမဟုတ်ဘဲ အစ်မဖြစ်သူ တန်ဖိုးနည်းနည်းလေးနဲ့ နာမည်ကြီးအောင်မြင်လာခဲ့တဲ့ တောင်ကိုရီးယားမင်းသား Won Bin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။