FENDI Ambassador နှစ်ယောက်ဖြစ်ကြတဲ့ တောင်ကိုရီးယား သရုပ်ဆောင် လီမင်ဟိုနဲ့ဆောင်းဟေကိုတို့က မကြာသေးမီအချိန်က အင်ချွန်းလေဆိပ်ကနေတစ်ဆင့် နယူးယောက်မြို့ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက အသွားတုန်းက လေဆိပ်ကနေ တစ်ချိန်တည်း အတူတူ သွားခဲ့ကြပေမယ့် ပြန်လာတဲ့အချိန်မှာတော့ တစ်ယောက်စီ ပြန်လာကြပါတယ်။

တောင်ကိုရီးယားမင်းသား လီမင်ဟို တစ်ယောက်တည်းဖြစ်နေတဲ့ ပုံကို စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့ကနေ အပြန် လေဆိပ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လီမင်ဟိုက အနက်ရောင်တီရှပ်ကို ဝတ်ထားပြီးအရမ်းကို ဖက်ရှင်ကျကာ ချောမောခန့်ညားနေတာဖြစ်ပါတယ်။ လေဆိပ်ကို လီမင်ဟိုပြန်ရောက်ရောက်ချင်းမှာဆောင်းဟေကိုကိုရော ထပ်ပြီး မြင်တွေ့ရဦးမလားလို့ သတင်းထောက်တွေက စောင့်မျှော်ခဲ့ပေမယ့် ဆောင်းဟေကိုကို မတွေ့ခဲ့ရပါဘူး။


လီမင်ဟိုနဲ့ဆောင်းဟေကိုတို့က FENDI ၂၅ နှစ်ပြည့် အခမ်းအနားကို အတူတကွတက်ရောက်ခဲ့ကြပြီး ရယ်ရယ်မောမော နီးနီး ကပ်ကပ်ရှိနေကြတာကြောင့် ပရိသတ်တွေက တွဲနေကြပြီလားဆိုပြီး စိတ်ဝင်စားနေတာဖြစ်ပါတယ်။



ကောလာဟလတွေ ထွက်ရှိပြီး မကြာခင်နောက်တစ်နေ့မှာပဲ လီမင်ဟိုက တောင်ကိုရီးယားကို ချက်ချင်း ပြန်ခဲ့ပေမယ့် ဆောင်းဟေကိုကတော့ အလုပ်ကိစ္စတစ်ခုကြောင့် ကိုရီးယားကို ပြန်မရောက်လာသေးပါဘူး။


နှစ်ဦးသားလေဆိပ်ကို ခွဲပြီးရောက်လာကြတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ကောလာဟလတွေကို ရှောင်ရှားဖို့ အခုလို ခွဲပြီး လာတာကြဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။






