ကလေးအမေဖြစ်နေပေမယ့် ငယ်ရွယ်နုပျိုအလှတရားနဲ့ ပြည့်နေတဲ့ ပတ်ရှင်ဟေး

//s9.kh1.co/98/98e90e8025a9f731a277f0db1c44308de3cfbb2f.jpeg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၂ ၇am · လွန်ခဲ့သော ၄ နှစ် က

ကလေးအမေဖြစ်နေပေမယ့် ငယ်ရွယ်နုပျိုနေဆဲ ပုံရိပ်လေးကို ဝေမျှပေးလာတဲ့ ပတ်ရှင်ဟေး

တောင်ကိုရီးယား မင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် ရင်သွေးလေးမီးဖွားပြီးနောက်မှာ အရင်ကထက်ပိုပြီး ပျော်ရွှင်နေပါတယ်။ ပတ်ရှင်ဟေး က ကလေးမီးဖွားပြီးနောက် သူမရဲ့ ပုံရိပ်လေးတွေကို နေ့တိုင်းလိုလို ဝေမျှပေးလေ့ရှိပြီးအခုတစ်ခေါက်မှာလည်း ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/3d/3d64ab538353546d3f3bfa9b16f0db5d65be9188.jpeg

ပတ်ရှင်ဟေးက ရင်သွေးလာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တဆင့်ခင်ပွန်းဖြစ်သူနဲ့ အတူတူ ပြတိုက်သွားနေတဲ့ ပုံရိပ်လေးတွေ တင်ပေးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=430,h=537,q=100/19/19eb139cfc5db71261084165426368d1a45a6435.jpeg

ဓာတ်ပုံထဲမှာ ပတ်ရှင်ဟေးက အဖြူရောင် ဂါဝန်လှလှလေးကို sneakers လေးနဲ့ တွဲဝတ်ထားပြီး ကလေး တစ်ယောက် အမေလို့ မထင်ရအောင် ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=430,h=585,q=100/60/60371110d5cbe624fa9cde5dd4e5b80975ef28bd.jpeg

ပတ်ရှင်ဟေးက ပြတိုက်ကို ခင်ပွန်းဖြစ်သူနဲ့အတူတူ သွားတဲ့ ပုံစံလေး ဖြစ်ပြီး အရမ်းကို ကြည်နူးဖို့ကောင်းပြီး ချစ်စရာကောင်းလွန်းနေပါတယ်။

https://s9.kh1.co/__image/w=650,h=1015,q=100/4d/4d957ad80f2471080067004ba1e45eee3d5f5cd1.jpeg

တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးက ခင်ပွန်းဖြစ်သူ ချွဲတေဂျွန်းနဲ့ ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပြီး သားဦးလေးကို မေလ မှာ မွေးဖွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/7d/7dc701c40f440b547d1d6bb2817db76d9a832621.jpeg

လက်ရှိမှာတော့ ပတ်ရှင်ဟေးက မိသားစုနဲ့အတူတူ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး အနုပညာ လှုပ်ရှားမှုတွေကနေ ရပ်နားထားပါတယ်။

https://s9.kh1.co/__image/w=530,h=663,q=100/38/382353cc005616243181d883968dd28e721cefba.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T