“Hello Kitty” အရုပ်လေးကို နားကြပ်လေးမှာ ကပ်ထားတာမို့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ Jisoo

//s9.kh1.co/06/06e63e2837df8bed503dcfbfc9bf7490773988ab.jpg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နားကြပ်လေးက “Hello Kitty” အရုပ်လေးကို ကပ်ထားတာမို့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ Jisoo

မိန်းကလေး Kpop အဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် Jisoo ကတော့ စက်တင်ဘာလ 2 ရက်နေ့ မွန်းလွဲပိုင်းက အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လ 31 ရက်နေ့မှာတော့ ဂျပန်သို့ ထွက်ခွာသွားတဲ့ Jisoo ကတော့ Schedule တွေပြီးတဲ့နောက်မှာ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/9e/9e9e8eb8453db0ca98e299c89387730faf5c83a8.webp
https://s9.kh1.co/__image/w=650,h=460,q=100/fb/fbe6474f83ee351715925b5cc09705283f81e140.png

ကိုရီးယားကိုရောက်တဲ့အခါမှာတော့ Jisoo ဝတ်ခဲ့တဲ့ ဖက်ရှင်က ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရပါတယ်။ ဒီနေ့မှာပဲ “Theqoo” ကနေ “BLACKPINK Jisoo's airport fashion entry today” ဆိုတဲ့ Caption လေးနဲ့ Jisoo ရဲ့ ပုံလေးတွေ တင်ခဲ့ပါတယ်။“NewsenTV” ကလည်း အဲ့နေ့မှာပဲ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=512,q=100/f4/f41c7c464616dcca351be75fe42a6fef10da8f22.webp

ဗီဒီယိုထဲမှာ Jisoo ဟာ Incheon International Airport မှာ Mask နဲ့ ဦးထုပ်ဆောင်းထားပါတယ်။ သူမဟာ လေဆိပ်မှာ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေကို ပျော်ရွှင်စွာ နှုတ်ဆက်ပြီး သူတို့ပေးတဲ့ လက်ဆောင်တွေကို လက်ခံရယူရင်း ပြုံးပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/a5/a5b3a1e5490b0e3c5a98edcd71e8100bf315fa2f.png
https://s9.kh1.co/__image/w=589,h=960,q=100/ed/edc66848851802b1c12c13ffe83660a0a6b3e95a.png

အထူးသဖြင့် Jisoo ဝတ်ဆင်ထားတဲ့ နားကြပ်ကတော့ “Hello Kitty” စတစ်ကာကြီးတစ်ခု ကပ်ထားတာကြောင့် ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Netizens တွေက Jisoo ရဲ့ လေဆိပ်ဖက်ရှင်ကို ချစ် ရာကောင်းတယ်လို့ Comment လေးတွေ ပေးနေကြပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/13/13f913ea163d4b36c49b416619f9e028d1dd94c6.png
https://s9.kh1.co/__image/w=575,h=575,q=100/b4/b4b006af0b318418bd6d411c12767ea28428aca6.png

မကြာသေးမီက BLACKPINK က ကျန်ခဲ့တဲ့ 28 ရက် New Jersey မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “Best Metaverse Performance” နဲ့ “Best K-pop” တို့ ဆုအမျိုးအစားကို “2022 MTV Video Music Awards” မှာ ရရှိခဲ့ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T