မင်္ဂလာဆောင်ရာသီ နီးကပ်လာတာနဲ့အမျှ ကိုရီးယားထိပ်တန်းမင်းသမီးတွေရဲ့ မင်္ဂလာဝတ်စုံတွေကို ယခင်ကထက်ပြီး ပိုမိုအာရုံစိုက်လာကြပါတယ်။ အခုနှစ် ၂၀၂၂ မှာလည်း တောင်ကိုရီးယားရဲ့ သတင်းတွေမှာ အိမ်ထောင်ရေးသတင်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

မင်းသမီး Son Yeon Jae က ဩဂုတ် ၂၁ ရက်က သူမထက် ၉ နှစ်ကြီးတဲ့ အနုပညာရှင်တွေထဲက မဟုတ်တဲ့ သူနဲ့ လက်ထပ်ခဲ့ပါတယ်။ သရုပ်ဆောင် Lee Min Jung ၊ Oh Yoon Ah ၊ Irene တို့က တက်ရောက်ခဲ့ကြပြီး အဆိုတော် Bada Kyuhyun ၊ Ailee K. Will တို့က ဂုဏ်ပြု ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ ပေါ်ပြူလာဖြစ်နေတဲ့ အဖြူသန့်သန့်လေးဝတ်ထားတဲ့ Son Yeon Jae ရဲ့ ဓာတ်ပုံတွေက ပရိသတ်တွေရဲ့ အာရုံစိုက်စရာတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာလမှာ လက်ထပ်ခဲ့တဲ့ Kpop Idol ဟောင်း Ayumi ကလည်း လှပတဲ့ အဖြူရောင်ဂါဝန်ကို ၀တ်ဆင်ထားပြီး အဆိုပါဝတ်စုံက ကိုရီးယားရဲ့ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ဝတ်စုံက ဒရီထဲက မင်းသမီးတစ်ယောက်လို စိတ်ကူးယဉ်ဆန်ဆန်လေးဖန်တီးထားတာကြောင့် အရမ်းကို လှပလွန်းတဲ့ ဝတ်စုံတစ်ခုလို ဖြစ်ခဲ့ပါတယ်။

Davichi အဖွဲ့ဝင် Lee Hae Ri ရဲ့ ကြော့ရှင်းတဲ့ မင်္ဂလာဝတ်စုံကလည်း ပရိသတ်တွေကို သဘောကျစေတဲ့ ဝတ်စုံတစ်ခုလို ဖြစ်ခဲ့ပြီး သူမရဲ့ အလှကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ Lee Hae Ri ရဲ့ မင်္ဂလာဆောင်ပွဲ ကုန်ကျစရိတ်မှာ ဝမ်သန်း ၅၀ ဖြစ်ပြီး သူမရဲ့ဝတ်စုံငှားရမ်းခက ဝမ် ၁ သန်း ကုန်ကျကြောင်း သိရှိရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲက အကျဉ်းချုံး ကျင်းပခဲ့ပေမယ့်လည်း ဘတ်ဂျက်ငွေတွေကို အကုန်အကျခံကာ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ရဲ့ အာရုံစိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ မင်္ဂလာပွဲကတော့ Hyun Bin နဲ့ Son Ye Jin တို့ပဲ ဖြစ်ပါတယ်။ သူမရဲ့မင်္ဂလာဆောင်မှာ Son Ye Jin ဝတ်ဆင်ထားတဲ့ မင်္ဂလာဝတ်စုံက ဇိမ်ခံအမှတ်တံဆိပ် Vera Wang က ဖြစ်ပြီး အထူးသဖြင့် 2020 Spring Bridal collection မှ ဖြစ်ကြောင်း ပရိသတ်တွေက တွေ့ရှိခဲ့ကြပါတယ်။ လက်နှစ်ဖက်နဲ့ ပခုံးတွေကို ဇာကြိုးလေးတွေနဲ့ ရစ်ပတ်ထားသောကြောင့် Son Ye Jin ရဲ့ ဂါဝန်က သူများမတူဘဲ ထူးထူးခြားခြားနဲ့ ကွဲပြားပြီး ဆွဲဆောင်မှုရှိနေပါတယ်။ သူမဝတ်ခဲ့တဲ့ Vera Wang Brand ကို အရင်တုန်းကတော့Shim Eun Ha နဲ့ Kim Nam Joo တို့က သူမတို့ရဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့ကြပါတယ်။

