လက်ရှိအချစ်ရေး အခြေအနေကို ပြောပြခဲ့တဲ့ ထိုင်းမင်းသမီးချောလေး Bella Campen

//s9.kh1.co/78/78752781c07b26582b9a0c8611a159fb1c69ed70.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

သူမရဲ့ လက်ရှိအချစ်ရေး အခြေအနေကို ပြောပြခဲ့တဲ့ ထိုင်းမင်းသမီးချောလေး Bella Campen

သြဂုတ်လ 30 ရက်နေ့က Bella Ranee က ပွဲတစ်ခုကို Brand Ambassador အဖြစ် တက်ရောက်ခဲ့ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Event မှာ Bella Ranee က သူ့အမေဆီက လက်ဆောင်ရတဲ့ အိတ်အကြောင်းပြောရင်း သူမရဲ့ လက်ရှိအချစ်ရေးအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=805,q=100/7d/7dbaae33b06f200d1c167ace7e01f0181b1f169d.png

အမေများနေ့တုန်းက အမေဆီကနေ Chanel တံဆိပ် အိတ်တစ်လုံးကို ရရှိခဲ့တာကြောင့် သူမက အံ့အားသင့်မိကြောင်း ပြောပြခဲ့ပါတယ်။ “Love Destiny: The Movie” ရုပ်ရှင်ရုံတွေမှာ ပြသနေတာကြောင့် အမေက သူ့ကို ဒီအိတ်ကို ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=806,q=100/12/12c1d58ff8415f090efdda783e3b20c891eb11b6.jpg

နောက်ပြီး Bella က လက်ရှိမှာ သူမက Single ပဲ ဖြစ်နေပြီး ထူးထူးခြားခြား တစ်စုံတစ်ယောက်မှ မရှိဘူးလို့လည်း ဆိုပါတယ်။ဒါ့အပြင် သူမက အချစ်ရေးကို အခုချိန်မှာ လုံးဝ အာရုံမစိုက်ဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=803,q=100/f6/f629778a4a48011a70305d826cc57fa0e0d40519.jpg

သူမဟာ အခုအချိန်မှာ Single ဖြစ်နေပြီး လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေသူတစ်ယောက်ပါ။ စိတ်ထဲရှိသမျှကို အကုန်လုပ်ပြီး အားနေရင် တတ်နိုင်သမျှ အိပ်နေတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=764,q=100/53/532a16584ceafcb74f0ae02b3993a769070b2260.jpg

Bella က " ကျွန်မကို နာမည်ကြီး အနုပညာရှင်တစ်ယောက်က သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးချင်တယ်တဲ့.. ဒါပေမယ့် ကျွန်မက သူငယ်ချင်းနဲ့တွေ့ဖို့အတွက် အချိန်တောင်မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် မိတ်ဆက်ပေးမယ့်သူနဲ့တွေ့ဖို့ အချိန်မရှိမှာ သေချာပါတယ်လို့" ပြောကြားသွားခဲ့ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T