K-pop နဲ့ K-drama လောကက ဝေးကွာတဲ့အရာကြီး မဟုတ်ပေမယ့် Netizen တွေက သူတို့ အကြိုက်ဆုံး အိုင်ဒေါတွေနဲ့ ရုပ်ရှင် သရုပ်ဆောင်တွေကို တွဲတွေ့ရတဲ့အခါမှာ ဝမ်းသာပျော်ရွှင်ကြပါတယ်။ အဲဒီထဲမှာ တောင်ကိုရီးယားသရုပ်ဆောင် ပတ်ဘိုဂမ်းနဲ့ BTS အဖွဲ့ဝင် V တို့ သူငယ်ချင်း နှစ်ယောက်လည်း ပါဝင်ပါတယ်။

ပတ်ဘိုဂမ်းနဲ့ V တို့ နှစ်ယောက်က အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကိုလည်း ဘယ်တော့မှ ထုတ်ဖော်ပြသဖို့ မရှက်တဲ့သူတွေ ဖြစ်ပါတယ်။

မကြာသေးမီက နာမည်ကြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကို netizen တွေက COEX က Liechtenstein Hall မှာ အတူတွဲပြီး တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ နာမည်ကြီး နှစ်ဦးကို အတူတွဲတွေ့လိုက်ရတဲ့ ပုံရိပ်ကိုNetizen တစ်ယောက်က ဖော်ပြခဲ့တာ ဖြစ်ပြီး အရမ်း ခံ့ညားချောမောကြလွန်းလို့ netizen တွေက အရမ်းချစ်နေကြပါတယ်။



V နဲ့ ပတ်ဘိုဂမ်းတို့ နှစ်ဦးသားကို အတူတွဲတွေ့လိုက်ရတဲ့ ပုံရိပ်ကို netizen တစ်ဦး က ဝမ်းသာပျော်ရွှင်စွာနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ မျက်နှာသေချာ မတွေ့ရပေမယ့် နှစ်ဦးသားက အရမ်းချစ်ဖို့ကောင်းနေပြီး လိုက်ဖက်မှု ရှိနေလို့ ပရိသတ်တွေကလည်း များစွာ ချစ်ခင်ကြည်နူးနေကြပါတယ်။


နှစ်ဦးသားက အလုပ်ချိန်တွေ အပြည့်ဖြစ်နေကြတဲ့ အချိန်မှာတောင် တွေ့ဖြစ်အောင် တွေ့ခဲ့ကြတာကြောင့် ပရိသတ်တွေကလည်း သူတို့ နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္ထာသံယောဇဉ်ကို အားကျနေကြပါတယ်။
