V မဟုတ်တဲ့ အခြား idol တစ်ဦးနဲ့ couple ပစ္စည်းဆင်တူရှိနေတဲ့ Jennie..

//s9.kh1.co/67/675d5ef2249ea28692e74bf980f077749e6eedfd.jpg
အနုပညာရှင်များ

 ၀၅-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ig story မှာ Jennie နဲ့ဆင်တူဖုန်းမှာချိတ်တဲ့ ကီးချိန်းလေးဆွဲထား...

BlackPink အဖွဲ့ထဲမှာ လတ်တလောလူတွေကြားရအများဆုံး အဖွဲ့ဝင်ရဲ့နာမည်ကတော့ Jennie လို့ပြောရင်မမှားလောက်ပါဘူး။ Jennie ဟာ Pink Venom မှာသူရဲ့ပါဝင်မှုတွေအပြင် BTS အဖွဲ့ဝင် V နဲ့ထွက်ခဲ့တဲ့ သတင်းတွေကြောင့်လည်း လူတွေရဲ့အာရုံစိုက်တာခံနေရသူလေး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/ca/ca67b61da628fac3fc3859e63b295874348c451f.png

မကြာခင်က idolတစ်ဦးတင်လိုက်တဲ့ ig story မှာ Jennie နဲ့ဆင်တူဖုန်းမှာချိတ်တဲ့ ကီးချိန်းလေးဆွဲထားတာတွေ့ခဲ့ရပါတယ်။ Blackpink အဖွဲ့ဝင် Rose တင်ထားတဲ့ ပုံမှာ ဖုန်းကိုကိုင်ပြီး မှန်ရှေ့မှာ Mirror Selfie ဆွဲနေတာတွေ့ရပါတယ်။ အလားတူပဲ Jennie ကလည်း Rose လိုမျိုးတစ်ပုံစံတည်း ပို့စ်လုပ်ပြီး တင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=801,q=100/f1/f1065d62a73a6031505dfedc80bfe81ecbd89c9a.png
https://s9.kh1.co/__image/w=650,h=812,q=100/4d/4d029320231966a129556459e240297f6e761e1a.png

မျက်စိလျင်တဲ့ ပရိသတ်တွေကတော့ ပုံနှစ်ပုံထဲက တူညီချက်ကိုလွယ်လွယ်နဲ့ သတိထားမိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ အသည်းပုံပါတဲ့ကြိုးဆင်တူကို ဖုန်းမှာချိတ်ထားကြပြီး ဖုန်းကလဲဆင်တူတဲ့ အမျိုးအစားတွေဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/49/4910f5353ef7a5059009e3ac32a369ecd633f35d.png

ပရိသတ်တွေကတော့ သူတို့နှစ်ဦးကြားက ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးလေးကို ချီးကျူးနေကြပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T