ကျွမ်းကျင်သူတွေတောင်လေးစားရတဲ့ K-pop လောကရဲ့အကဘုရင်ကြီး Jimin…

//s9.kh1.co/f7/f7c7fb1801087f21cccc84f6c7d1179811ae88ae.jpg
အနုပညာရှင်များ

 ၀၃-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၄ နှစ် က

အကမှာကောင်းစွာအသုံးချ‌နိုင်ပြီး အကမျိုးစုံမှာလိုက်လျောညီ‌ထွေအောင်…

BTS အဖွဲ့ဝင် Jimin ဟာသူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့အကကြောင့် social media မှာရေပန်းစားနေပြီး ကျွမ်းကျင်ပညာရှင်များကချီးကျူးနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/0d/0d3726b5ff824afc1e9d281a3dfa1d887e351d25.jpg

Allkpop ရဲ့အကပညာရှင်တစ်ယောက်နဲ့ အင်တာဗျူးတစ်ခုမှာ Allkpop က Jimin ဟာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှူတွေအားလုံးကို K-pop အကမှာကောင်းစွာအသုံးချ‌နိုင်ပြီး အကမျိုးစုံမှာလိုက်လျောညီ‌ထွေအောင်ကနိုင်စွမ်းက သူ့ကိုကမ္ဘာကျော်စေတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/54/541237f9b04494f4272449de5ce990b40ab8c94b.jpg
https://s9.kh1.co/__image/w=650,h=975,q=100/bd/bd3517ecdfc1d4c3959aadb8fed126edd41b3e1c.jpg

အကပညာရှင်ပြောတာက Jimin ဟာအကအလွန်တော်ပြီး၊ Morden အကကိုအဓိက ကတာကြောင့်လည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Jimin ဟာအလယ်တန်းကျောင်းကတည်းက အကပြိုင်ပွဲတွေမှာ လူကြီးတွေနဲ့ယှဉ်ကနိုင်တဲ့ အရည်အချင်းရှိကာ Busan အနုပညာကျောင်းကိုတက်ခဲ့ပြီး idolအဖြစ်ပွဲဦးထွက်ခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=433,q=100/63/633f04cc576e0009c015d4ca3496d03483a31cf9.jpg

2017 ခုနှစ်က Jimin ကို Billboard က "ခေတ်ပေါ်အကတွေရဲ့ဘုရင်" လို့တင်စားခေါ်ဝေါ်ခဲ့ပြီး သူ့ရဲ့အကပညာတိုးတက်အောင် အမြဲတမ်းကြိုးစားနေတတ်သူအဖြစ်လည်း ဂုဏ်ပြုခဲ့ပါတယ်။ အိန္ဒိယရဲ့နာမည်ကြီး မီဒီယာတစ်ခုကလည်း Jimin ကို K-pop idol တွေထဲထိပ်တန်းကရှိနေတဲ့ အကအတော်ဆုံးအမျိုးသားလို့ ဖော်ပြခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/62/62976901ea6423993816e9e57f83ef7c9e99528b.jpg
https://s9.kh1.co/__image/w=650,h=921,q=100/d5/d5d033eb70ec66e735bb5ec46b7992702d41bfad.jpg

Jimin ရဲ့အကတွေဟာ classic ကနေခွဲထွက်ပြီး Morden ကူးချင်တဲ့ ယနေ့ခေတ်လူငယ်တွေအတွက် အတုယူစရာလည်းဖြစ်ပါတယ်။ 
Photos-creditSource: KBIZoom 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T