သြဂုတ်လ 30 ရက်နေ့က Bella Ranee က ပွဲတစ်ခုကို Brand Ambassador အဖြစ် တက်ရောက်ခဲ့ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Event မှာ Bella Ranee က သူ့အမေဆီက လက်ဆောင်ရတဲ့ အိတ်အကြောင်းပြောရင်း သူမရဲ့ လက်ရှိအချစ်ရေးအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

အမေများနေ့တုန်းက အမေဆီကနေ Chanel တံဆိပ် အိတ်တစ်လုံးကို ရရှိခဲ့တာကြောင့် သူမက အံ့အားသင့်မိကြောင်း ပြောပြခဲ့ပါတယ်။ “Love Destiny: The Movie” ရုပ်ရှင်ရုံတွေမှာ ပြသနေတာကြောင့် အမေက သူ့ကို ဒီအိတ်ကို ပေးခဲ့ပါတယ်။ နောက်ပြီး Bella က လက်ရှိမှာ သူမက Single ပဲ ဖြစ်နေပြီး ထူးထူးခြားခြား တစ်စုံတစ်ယောက်မှ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် သူမက အချစ်ရေးကို အခုချိန်မှာ လုံးဝ အာရုံမစိုက်ဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။ သူမဟာ အခုအချိန်မှာ Single ဖြစ်နေပြီး လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေသူတစ်ယောက်ပါ။ စိတ်ထဲရှိသမျှကို အကုန်လုပ်ပြီး အားနေရင် တတ်နိုင်သမျှ အိပ်နေတယ်လို့ ဆိုပါတယ်။

Bella က " ကျွန်မကို နာမည်ကြီး အနုပညာရှင်တစ်ယောက်က သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးချင်တယ်တဲ့.. ဒါပေမယ့် ကျွန်မက သူငယ်ချင်းနဲ့တွေ့ဖို့အတွက် အချိန်တောင်မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် မိတ်ဆက်ပေးမယ့်သူနဲ့တွေ့ဖို့ အချိန်မရှိမှာ သေချာပါတယ်လို့" ပြောကြားသွားခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Thai Update





