သမီးဖြစ်သူ ဈာပနအခန်းအနားမှာ မူးမေ့လဲကျသွားတဲ့ မင်းသမီး Yoo Joo Eun ရဲ့ မိခင်

//s9.kh1.co/32/3282fad8f3be844ba2b958bb7ae87089f17320dc.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၂ ၈am · လွန်ခဲ့သော ၄ နှစ် က

သမီးဖြစ်သူ ဈာပနအခန်းအနားမှာ မူးမေ့လဲကျသွားတဲ့ မင်းသမီး Yoo Joo Eun ရဲ့ မိခင်

မကြာသေးမီက ကိုယ့်ကိုယ်ကိုသေကြောင်း ကြံစည်မှု ဖြစ်ပြီး ဆုံးပါးသွားခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Yoo Joo Eun ရဲ့ မိခင်ကြီးဟာ သမီးဖြစ်သူရဲ့ ဈာပန အခမ်းအနားမှာ မူးမေ့သတိလစ်သွားတယ်လို့ သိရပါတယ်။မင်းသမီး Yoo Joo Eun ရဲ့ ဈာပနအခမ်းအနားပွဲကို သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။Yoo Joo Eun ရဲ့ ဆန္ဒအရ ဈာပန အခမ်းအနားကို တိတ်တဆိတ်သာ အကျဉ်းချုံး ကျင်းပသွားခဲ့တယ်လို့ သိရပြီးအခမ်းအနားပွဲကိုလည်း ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေနဲ့သာ ကျင်းပခဲ့ပါတယ်။ 

Google 
Google 
Google 
Google 

ရုတ်တရက် ဆုံးပါးသွားခဲ့ရတဲ့ Yoo Joo Eun အတွက် လူတိုင်းက စိတ်မကောင်းဖြစ်ခဲ့ကြပြီး ဖြေမဆည်နိုင်အောင်ဝမ်းနည်း ပူဆွေးခဲ့ကြပါတယ်။ Yoo Joo Eun ရဲ့ မိခင်ဖြစ်သူဟာဆိုရင်လည်း သမီးဖြစ်သူ ဆုံးပါးသွားပြီဖြစ်ကြောင်း သိသိချင်းမှာ တစ်ချိန်လုံးငိုကြွေးနေခဲ့တယ်လို့ သိရပါတယ်။ ဈာပန အခမ်းအနားမှာဆိုရင် ယူကြုံးမရဖြစ်လွန်းလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့တောင် အားမရှိခဲ့ဘူးလို့ သိရပါတယ်။ ဈာပန အခမ်းအနားမှာမိခင်ကြီးက ယူကြုံးမရ ငိုကြွေးရင်း သတိလစ်သွားတဲ့ ဖြစ်ရပ်ကြီးဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ လူပြောများခဲ့ပါတယ်။ 

Google 
Google 
Google 
Google 
Google 
Google 

တောင်ကိုရီးယား မင်းသမီး Yoo Joo Eun ကွယ်လွန်ဆုံးပါးသွားပြီဖြစ်တဲ့အကြောင်းကို အစ်ကိုဖြစ်သူက အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Yoo Joo Eun ဟာ သြဂုတ်လ ၂၉ ရက်နေ့ ၊ ၂၀၂၂ ခုနှစ်မှာ အဆုံး စီရင်မှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ 

Google 
Google 

သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက Joseon Survival မှာ Cho-Sun  အဖြစ်နဲ့လည်းကောင်း ၊ Big Forest မှာCasey အဖြစ်နဲ့ လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Google 
Google 
Google 
Google 

 ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ရတဲ့ Yoo Joo Eun အတွက် မိသားစုဝင်တွေ အပါအဝင် ပရိသတ်တွေကပါ များစွာ ယူကြုံး မရဖြစ်ခဲ့ကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T