ကမ္ဘာမှာအကျော်ကြားဆုံးတောင်ကိုးရီးယား အမျိုးသမီးအဆိုအဖွဲ့ထဲမှ တစ်ဖွဲ့အဖြစ် သတ်မှတ်ခံရပြီး ယောကျာ်းလေးပရိသတ်သာမက မိန်းကလေးပရိသတ်တိုင်းကပါ စွဲလမ်းရတဲ့ KPop အဖွဲ့ဆိုရင်တော့ Blackpink အဖွဲ့ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။


အဆိုပါ Blackpink အဖွဲ့မှ ပရိသတ်ရဲ့ချစ်မွှေးလေး Jisoo ဟာ Outstanding Korean Drama Star ဆိုတဲ့ အကြိုးစားဆုံးသော တောင်ကိုးရီးယားကြယ်ပွင့်ဆိုတဲ့ ဆုကို (၁၇)ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Seoul International Drama Awards 2022 မှာရရှိခဲ့တယ်လို့ သိရပါတယ်။


Jisoo အနေနဲ့ ဒီဆုဟာ Snowdrop Drama အတွက် ပြည်တွင်းမှာ ကျင်းပပြုလုပ်တဲ့ ဆုပေးပွဲမှာမှ ပထမဦးဆုံး ရရှိတဲ့ ဆုဖြစ်ပြီး သူမ တကယ်ကြိုးစားခဲ့တယ်ဆိုတာကိုပေါ်လွင်လွန်းတာကြောင့် ပရိသတ်ကအတော်လေးအားပေးနေကြပါတယ်။ အဆိုပါပွဲကို စက်တင်ဘာ(၂၂)ရက်နေ့ မှာကျင်းပပြုလုပ်မယ် လို့ သိရပေမယ့် ဒီပွဲကို သူမ တက်မတက်တော့မသိရသေးတာဖြစ်လို့ ပရိသတ်တွေကအတော်လေးရင်ခုန်နေကြပါပြီ။




