မထင်မရှား ထိုင်းအကဝါသနာရှင်လေးရဲ့ ကမ္ဘာကျော်ခရီးစဥ်..

//s9.kh1.co/2c/2cc3703a4fc669fef515d04daaf411749f499177.jpg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

2010 ခုနှစ်မှာ YG ကိုလေ့ကျင့်သူအနေနဲ့ရောက်လာခဲ့ပြီး အဲ့ဒီအချိန်က..

https://s9.kh1.co/__image/w=650,h=448,q=100/d5/d5d6dc5a22e8b7e76737109da768c54d50b2a223.jpg

Lalisa Manoban ကို 1997 ခုနှစ်မှာထိုင်းနိုင်ငံမှာမွေးဖွားခဲ့ပြီး အမည်ရင်းကတော့ ပရန်ပရီရာဖြစ်ပါတယ်။ Lisa ဟာငယ်ငယ်လေးကတည်းက စင်ပေါ်တက်ရတာကိုနှစ်သက်ပြီး ဂီတ နဲ့ အကကို ဝါသနာကြီးခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=465,q=100/b4/b44bf565dd2a346b3fdccdc23e941d2223d4f78d.png

ငယ်ငယ်က We Zaa Cool လိုခေါ်တဲ့အကအဖွဲမှာ သူ့ရဲ့ငယ်သူငယ်ချင်း အခု GOT7 အဖွဲဝင် BamBam နဲ့အတူပါဝင်ခဲ့ပြီး ပြိုင်ပွဲမျိုးစုံကိုဝင်ပြိုင်ခဲ့ကြပါတယ်။ 2010 ခုနှစ်မှာ YG ကိုလေ့ကျင့်သူအနေနဲ့ရောက်လာခဲ့ပြီး အဲ့ဒီအချိန်က ဘာသာစကားအခက်အခဲကစလို အခက်အခဲမျိုးစုံကြုံခဲ့ရကြောင်း Lisa ကပြောပြဖူးပါတယ်။

https://s9.kh1.co/__image/w=638,h=638,q=100/3c/3cde4091c93ee6c01c3b10c8aca93d0312ecb9bb.jpg

YG ဘက်က Lisa ဟာလေ့ကျင့်ရေးကာလတစ်လျှောက်စာမေးပွဲတွေတိုင်းမှာ ပထမရရှိခဲ့တယ်လိုပြောထားပေမယ့် Lisa ကတော့လေ့ကျင့်ရေးကာလဟာ အရမ်းရှည်‌လွန်းလို အိမ်ကိုခဏခဏလွမ်းပြီးငိုခဲ့ရကြောင်း သူ့ရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/fa/faa840b50a0ad27fd91fd652a1103ad6782e885e.webp

2016 ခုနှစ်မှာတော့ BlackPink နဲ့အတူပွဲဦးစထွက်ခဲ့ကာ လက်ရှိမှာတော့ကမ္ဘာကျော်အနုပညာကြီး အဖြစ်မြင်တွေ့နေရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/75/75194ec8f5c460db5fde47c12fa65ab3aba3aa65.jpg

ဒါ့အပြင် လီဆာဟာအနုပညာနယ်ပယ်မှာသာနာမည်ကြီးတာမဟုတ်ပဲ ဖက်ရှင်လောကမှာလည်း လွှမ်းမိုးထားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/17/17f018f3745a648752c7b9adc71c996343afdd00.jpg

သူ့ရဲ့ဖက်ရှင်တွေဟာအာရုံစိုက်ခံရလေ့ရှိပြီး ပြင်သစ်ကနာမည်ကြီးဖက်ရှင်ရှိးပွဲကြီးကို တက်ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/2d/2d42254abe9e6b0e8b84eb3d174f1430decd4144.png

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က မထင်မရှား ထိုင်းအကမယ်လေးတစ်ဦးဟာ ၂၉ရက်နေ့မှာ အမေရိကန်က VMAs ဆုပေးပွဲကြီးမှာ "Best Kpop" ဆုကြီးကိုရယူပြီး သူ့ရဲ့အောင်မြင်မှုတွေကိုသက်သေပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=498,q=100/d9/d96edf52782cfb2dd32c69afa78d28f716f79d8a.jpg

ဒါ့အပြင် Lisa ရဲ့ solo သီချင်းတွေဖြစ်တဲ့ Lalisa နဲ့ Money ဟာဆိုရင်လည်း ကြည့်ရှုသူသန်း ၅၀၀ ကျော်ခဲ့ပါတယ်။ Lisa ဟာသမိုင်းတွင်မယ့် MTV VMAs ပွဲက "Best Kpop" ဆုကြီးကို ကမ္ဘာကျော်ပြိုင်ဖက်တွေကိုကျော်ပြီး ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/c6/c6526b1c8e1ad70695696152bf933ce38a923df4.png

လွန်ခဲ့တဲ့ ၁၀နှစ်က အကကိုရူးသွပ်ခဲ့တဲ့ ထိုင်းနိုင်ငံက မထင်မရှားကောင်မလေးတစ်ဦးဟာ သူမရဲ့မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အရှုးမပေးပဲစိန်ခေါ်မှုတွေကိုရင်ဆိုင်ရဲတဲ့ သတ္တိတွေကြောင့် အခုဆိုရင်တကမ္ဘာလုံးသိတဲ့၊ တကမ္ဘာလုံးချစ်တဲ့ Lisa အဖြစ်အောင်မြင်မှူသရဖူကိုသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T