ကြည်လင်ခန့်ညားပြီး ယောကျာ်းပီသတဲ့ အသွင်အပြင် ၊ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ဟောလိဝုဒ်လောကရဲ့ ဆရာတစ်ဆူလို့ပြောရလောက်အောင် ထူးချွန်လွန်းတဲ့ မင်းသားချောလို့ ဆိုလာရင်တော့ မင်းသား လီယိုနာဒိုဒီကာပရီယို ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။


ဟောလိဝုဒ်ရဲ့ အမိုက်စား စုံတွဲအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အသက်(၄၇)နှစ် အရွယ် လီယိုနာဒိုဒီကာပရီယို နဲ့ အသက်(၂၅) နှစ်အရွယ် မော်ဒယ်ချောလေး ကမ်မီလာမိုရုန်း တို့ဟာ လူတိုင်းက အားကျခဲ့ရတဲ့ စုံတွဲဖြစ်ပါတယ်။ မင်းသားလီယိုနာဒိုဒီကာပရီယို ဟာ သူ့ထက်အသက်(၂၂)နှစ်တိတိငယ်တဲ့ သူ့ရဲ့ ချစ်သူ ကမ်မီလာမိုရုန်း နဲ့ လေးနှစ်တာချစ်ခရီးလမ်းကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။


ကမ်မီလာ ရဲ့ အသက်(၂၅)နှစ်ပြည့်မွေးနေ့ နီးတည်းက နှစ်ယောက်သား ပြတ်ပြီလို့ သတင်းထွက်နေခဲ့ကြပေမယ့် မွေးနေ့အပြီးမှာ နှစ်ယောက်အတူ ရှိနေခဲ့ကြတာမို့ ပြန်အဆင်ပြေသွားပြီလို့ အားလုံးကထင်ထားကြတာဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ရဲ့ ချစ်ဇာတ်လမ်းလေးဟာ တကယ်ပဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။




