ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး Baifern Pimchanok ကတော့ ချောမောလှပလွန်းတဲ့အပြင် ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေကြောင့် အမျိုးသားပရိသတ်တွေကြားမှာသာမက ကောင်မလေးတွေကြားမှလည်း အားကျရတဲ့ Idol တစ်ယောက်ဖြစ်လို့ နေပါတယ်။ Crazy Little Things Called Love ဆိုတဲ့ ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေကြားမှာရော နိုင်ငံတစ်လွှားကပရိသတ်တွေကြားထိပါ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။


အနုပညာ သက်တမ်း (၁၀) နှစ်ကျော် ရှိပြီဖြစ်တဲ့ Baifern က ပီပြင်လွန်းလှတဲ့ အနုပညာအရည်အချင်းကြောင့် အခုအချိန်ထိ အောင်မြင်မှုတွေ ရနေတာလည်းဖြစ်ပါတယ်။ သူမပါဝင်ထားတဲ့ ဒရမ်တွေတိုင်းကလည်း ပရိသတ်တွေရင်ထဲထိလောက်အောင် ကောင်းလွန်းတာမို့ ရုပ်ရှင်တွေရဲ့ Rating တွေကလည်း ထိပ်မှာပဲ မြဲရှိနေပါတယ်။.


အခုနှစ် ၂၀၂၂ ခုနှစ်က သူမရဲ့ နှစ်လို့ဆိုလို့ရအောင်ကို Baifern က ထူးချွန်ဆု (၄) ဆု ကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း ဂုဏ်ပြုနေကြသလို ဆက်လက်ပြီးတော့လည်း ဆုတံဆိပ်တွေ ဆွတ်ခူးရရှိပါစေလို ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။ သူမဆွတ်ခူးနိုင်ခဲ့တဲ့ ဆုတွေကတော့ …
1.Best Entertainment Performance on Social Media Awards

2.The Most Popular Actress Awards

3.Superstar Awards (KAZZAwards)

4.Best Female Lead In A TV Programme (ContentAsia Awards)

Source : Baifern IG Acc