တောင်ကိုရီးယားမင်းသား Na In Woo ဟာဆိုရင် မင်းသားတစ်ယောက် မဖြစ်ခင်က အဆိုတော်တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားခဲ့ရတဲ့သူဖြစ်ပါတယ်။ Na In Woo ဟာဆိုရင် ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး သရုပ်ဆောင်လောကထဲကို ကြိုတင်ပြင်ဆင်ထားမှု မရှိဘဲ ဝင်ခဲ့ရတဲ့သူဖြစ်ပါတယ်။

Na In Woo ဟာ နာမည်ကြီး Kpop အဖွဲ့တွေဖြစ်တဲ့ (G)I-DLE ၊ BtoB ၊ BEAST ၊ Pentagon နဲ့ အခြား အဖွဲ့တွေလိုမျိုး ပွဲဦးထွက်လာတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း Na In Woo က သရုပ်ဆောင်ပိုင်းကို အားထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့ပါတယ်။ Na In Woo ပထမဦးဆုံး ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲက Glorious Day ဖြစ်ပြီး ပထမဦးဆုံး အရံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Na In Woo က Cinderella and Four Knights ၊ Home for Summer ၊ Mystic Pop-up Bar နဲ့ အခြား ဇာတ်လမ်းတွဲတော်တော်များများမှာလည်းအရံအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Na In Woo ဟာ အဆိုတော်တစ်ယောက် ဖြစ်လာဖို့ စိတ်ကူးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အရံသရုပ်ဆောင် အဖြစ် ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရင်း အဆိုတော်ဖြစ်ဖို့ အိမ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်မှာ River Where The Moon Rises ဇာတ်လမ်းထဲက Jisoo ထွက်သွားခဲ့ရတာကြောင့် Na In Woo က အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Na In Woo ဟာ River Where The Moon Rises ဇာတ်လမ်းကို ဘာမှ ကြိုတင်ပြင်ဆင်ထားမှု မရှိဘဲ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Feedback တွေက အရမ်းကောင်းခဲ့ပါတယ်။

မကြာသေးမီကလည်း Na In Woo က “Jinxed At First” ဇာတ်လမ်းထဲမှာ SNSD အဖွဲ့ဝင် Seohyun နဲ့ အတူ အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းတွဲက အရမ်း နာမည်မကြီးပေမယ့်လည်း Na In Woo ရဲ့ သရုပ်ဆောင် အရည်အချင်းကို အပြစ်မတင်ခဲ့ကြပါဘူး။ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့အတွက် အဆိုတော်အိပ်မက်ကို စွန့်လွှတ်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသား Na In Woo အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။