တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် နာမည်ကြီးပြီး ရုပ်ရည်ချောမော လှပသလောက် အပေါင်းအသင်း အရမ်းများတဲ့သူလေး ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း တောင်ကိုရီးယား နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ahn Eun Jin နဲ့ Yoo Ah In တို့က သူတို့က ဆောင်းဟေကိုရဲ့ အမာခံ ပရိသတ်တွေဖြစ်ကြောင်းကို သတ်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့မှာ မင်းသမီး Ahn Eun Jin က သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ “စီနီယာမမဆောင်းဟေကိုနဲ့ တူအောင်လိုက်လုပ်နေကြသည်” ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံအသစ်လေး တစ်ပုံ ဝေမျှပေးလာခဲ့ပါတယ်။


ဓာတ်ပုံထဲမှာ Ahn Eun Jin နဲ့ Yoo Ah In တို့က ဘေးချင်းကပ် မတ်တပ်ရပ်နေကြပြီး တူညီတဲ့ ပုံစံလေး လုပ်ထားကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုပ်နေကြတဲ့ ပုံစံလေးက Yoo Ah In ကိုင်ထားတဲ့ ဖုန်းထဲက ဆောင်းဟေကို ရဲ့အမူအယာနဲ့ တစ်ပုံစံထဲဖြစ်ပါတယ်။

Ahn Eun Jin နဲ့ Yoo Ahn In တို့ ဆောင်းဟေကို ပုံစံ လိုက်လုပ်နေကြတဲ့ ဓာတ်ပုံလေးက ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာလည်း မြင့်တက်ခဲ့ပါတယ်။

လက်ရှိမှာဆိုရင် Ahn Eun Jin နဲ့ Yoo Ahn Ih တို့က Netflix ရဲ့ စီးရီးဖြစ်တဲ့ Goodbye Earth မှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဆောင်းဟေကိုဟာဆိုရင်လည်း မကြာခင် ထွက်ရှိလာတော့မယ့် The Glory ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Ahn Eun Jin နဲ့ Yoo Ahn Ih တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ ဆောင်းဟေကိုရဲ့ ဇာတ်ကားနဲ့ မတူပေမယ့် သူတို့ကတော့ သူငယ်ချင်း သံယောဇဉ် အပြည့်နဲ့ဝိုင်းဝန်း ထောက်ပံ့ပေးနေကြတာပဲ ဖြစ်ပါတယ်။