သားလေး ပျော်ရွှင်ဖို့က အရာအားလုံးထက် ပိုအရေးကြီးပါတယ်လို့ ဆိုလာတဲ့ ဂျင်ဆန်းမီ

//s9.kh1.co/02/02a5da94d3ec319432df51fd89ea1177f020c324.jpeg
အနုပညာရှင်များ

 ၃၀-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

သားလေး ပျော်ရွှင်ဖို့က အရာအားလုံးထက် ပိုအရေးကြီးပါတယ်လို့ ဆိုလာတဲ့ ဂျင်ဆန်းမီ

တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲထဲက ဂျင်ဆန်းမီအဖြစ်နဲ့ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့သူလေးဖြစ်ပါတယ်။ Park Chae-rim ဟာ ကိုရီးယားနိုင်ငံမှာအောင်မြင်တဲ့ မင်းသမီး ဖြစ်ခဲ့ရုံသာမက တရုတ်ပြည်မှာလည်း နာမည်တော်တော် ကြီးခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ 

Google 
Google 

Park Chae-rim က တောင်ကိုရီးယားက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ တရုတ်ပြည်က နာမည်ကြီးမင်းသား Jiame Gao နဲ့ ဒုတိယအကြိမ် လက်ထပ်ခဲ့ပြီး တရုတ်ပြည်မှာနေထိုင်ခဲ့ပါတယ်။

Google 
Google 
Google 
Google 
Google 
Google 
Google 
Google 

 ဒုတိယ အိမ်ထောင်နဲ့လည်း ကွာရှင်းခဲ့ရပြန်တဲ့ Park Chae-rim ဟာ ကွာရှင်းပြီးတဲ့နောက်မှာ သားလေးကို လက်ဆွဲပြီး တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ Park Chae-rim က သူမရဲ့ သားလေးကို အသက်လောက်ချစ်ပြီး သားလေး ပျော်ရွှင်ဖို့ ကအရာရာလို့ ဆိုခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google 
Google 

Park Chae-rim က တောင်ကိုရီးယားကို ပြန်ရောက်ပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေ မလုပ်တော့ပဲ သူမရဲ့သားလေးကိုသာ အချိန်ပေးပြီး ဂရုစိုက်ပေးနေခဲ့ပါတယ်။ လက်ရှိမှာ Park Chae-rim က သူမရဲ့သားလေးနဲ့အတူတူ ဂျယ်ဂျူကျွန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

Park Chae-rim က သူမရဲ့ နေ့စဉ်ရက်တိုင်းကို သားလေးပျော်ရွှင်ဖို့အတွက်သာ ဆောင်ရွက်ပေးနေပြီး သားလေးသာ ပျော်တယ်ဆိုရင်  လုံလောက်တာထက် ပိုသွားပြီလို့ ဆိုပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

သားလေးကို တင်းကျပ်စွာ ဖက်ထားပြီး ပွေ့ချီထားတဲ့ တောင်ကိုရီးယားမင်းသမီး Park Chae-rim ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T