V နဲ့ Jennie တို့ဖက်ပြီးအနမ်းပေးနေတဲ့ ဓာတ်ပုံတွေ ထပ်ဖြန့်ဖို့ရှိသေးကြောင်း ပြောလာတဲ့သူ

//s9.kh1.co/9f/9f00257487ff704607e45a264659b2f91ad9a6ed.jpeg
အနုပညာရှင်များ

 ၂၉-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

V နဲ့ Jennie တို့ဖက်ပြီးအနမ်းပေးနေတဲ့ ဓာတ်ပုံတွေ ထပ်ဖြန့်ဖို့ရှိသေးကြောင်း ပြောလာတဲ့သူ

တောင်ကိုရီးယားနာမည်ကျော် အိုင်လ်ဒေါနှစ်ဦးဖြစ်တဲ့ V နဲ့ Jennie တို့ တွဲနေကြတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တစ်ခုပြီးတစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။  

Google
Google
Google
Google

ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာလည်း  V နဲ့ Jennie တို့ တွဲနေကြတယ်ဆိုတာကို သက်သေပြနေတဲ့ ဓာတ်လှေကားထဲကနောက်ထပ် ဓာတ်ပုံတစ်ပုံ ပြန့်နှံ့လာခဲ့ပါတယ်။ တင်ပြီးပြီးချင်း အချိန် ခဏလေး အတွင်းမှာပဲ ဓာတ်ပုံတွေဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာဝေဖန်မှု မြင့်တက်ခဲ့ပါတယ်။ 

Google
Google

ဓာတ်ပုံတွေကို ဖြန့်ဝေတဲ့ တစ်စုံတစ်ယောက်က နာမည်ကြီး အိုင်လ်ဒေါ နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ရည်ရွယ်ချက် တစ်ခုခု ကြောင့် အခုလိုမျိုး ဖြန့်ဝေနေတာလို့ သုံးသပ်ထားကြပါတယ်။ 

Google
Google

ဓာတ်ပုံကို စတင်ဖြန့်ဝေခဲ့တဲ့သူကိုယ်တိုင်က သူ့ဆီမှာ နောက်ထပ် ဓာတ်ပုံ အသစ်တွေ ရှိသေးကြောင်း ၊ ဓာတ်ပုံတွေထဲမှာ V နဲ့ Jennie တို့ နမ်းနေတဲ့ ပုံတွေပါရှိကြောင်း ခြိမ်းခြောက်ထားပါတယ်။ အဆိုပါ ဓာတ်ပုံတွေကို ဖြန့်ဝေတဲ့သူက V နဲ့ Jennie တို့ သူတို့ရဲ့ အချစ်ရေးကို ဝန်ခံလာစေဖို့ ရည်ရွယ်ချက်အပြင် အခြား ငွေညှစ်ချင်တဲ့ ရည်ရွယ်ချက်မျိုးပါ ရှိနေနိုင်တယ်လို့ netizen တွေက သုံးသပ်ထားကြပါတယ်။ နမ်းနေတဲ့ ဓာတ်ပုံထဲမှာ V က Jennie ရဲ့ နှဖူးကို နမ်းနေပြီး Jennie ကလည်း ပြုံးနေတယ်ဆိုတဲ့ အကြောင်းအရာကိုပါ ဖြန့်ဝေသူက ထည့်ပြောထားပါတယ်။ 

Google
Google
Google
Google

အဆိုပါ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေ အများစုက Photoshop တွေ ဖြစ်ကြောင်း ငြင်းဆိုခဲ့ပေမယ့်လည်း background ပုံစံ  သက်သေပြစရာ မရှိတာကြောင့် Photoshop  မဟုတ်ဘူးဆိုတာ သက်သေပြဖို့လည်း ခက်ခဲနေကြပါတယ်။

Google
Google
Google
Google

ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အေဂျင်စီတွေက လည်း နှုတ်ဆိတ်နေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T