မနေ့ညက VMAs ပွဲမှာ BlackPink တို့ရခဲ့တဲ့ဆုတွေနဲ့ ချိုးခဲ့တဲ့စံချိန်တွေ…

//s9.kh1.co/19/19481447091b388a64dc4923101502e635aea71a.jpg
အနုပညာရှင်များ

 ၂၉-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

စကာတင်စာရင်းမှာပါခဲ့တဲ့ BTS တို့ Justin Bieber တို့ကို..

မနေ့ညက အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီမှာကျင်းပတဲ့ ကမ္ဘာကျော် MTV VMAs ဆုပေးပွဲကြီးမှာ BlackPink အဖွဲဟာဆိုရင် သူတိုရဲ့အကြောင်းကို ကောင်းကောင်းပြနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/57/574440c988396c7ee86fe3b0638389eb44bc6836.png

BlackPink အဖွဲဟာ အခုနှစ်မှအသစ်ထည့်သွင်းထားတဲ့ "Best Metaverse Performance award" ကိုရရှိခဲ့ပါတယ်။ အဆိုပါဆုဟာဆိုရင် မကြာသေးမီက ခေတ်စားလာတဲ့ online ကနေ Virtual ဖျော်ဖြေမှု‌တွေကြောင့် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/91/91f35d291f21789e2d0b20b5205e235876bcee76.png

BlackPink အဖွဲ့အနေနဲ့ အဲ့ဒီဆုကိုသူတိုရဲ့ "PUBG Mobile in-game Concert" နဲ့ရရှိခဲ့တာဖြစ်ပြီး စကာတင်စာရင်းမှာပါခဲ့တဲ့ BTS တို့ Justin Bieber တို့ကိုအနိုင်ယူပြီး ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒါ‌အပြင့် Lisa ဟာအကောင်းဆုံး K-pop artist ဆုကိုရရှိခဲ့ပြီး ပြိုင်ဖက်တွေဖြစ်တဲ့ BTS အပါအဝင်နာမည်ကြီးအဆို‌တော်တွေနဲ့ အဖွဲတွေကိုကျော်တက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=569,q=100/6b/6be54d3b7dd59f5340df6fbf974b89f777ff1cfc.png

Lisa ရဲ့ကျေးဇူးတင်စကားထဲမှာ Blinks တွေကိုအထူးဖော်ပြခဲ့ပြီး နောက်လထွက်မယ့် Born Pink album နဲ့ ပြန်ပြီးပေးဆပ်သွားပါမယ်လို ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cb/cb69318ecec8dbcafbeaa3dd645238c1523b2f5b.png

ပြီးတော့လည်း သူတိုရဲ့ Pink Venom ဟာ Global Charts တွေမှာထိပ်ပိုင်းနေရာတွေကိုယူထားနိုင်ပြီး Taylor Swift တိုလိုကမ္ဘာကျော်တွေကတောင် လိုက်ဆိုပြီး ကနေရတဲ့အထိ လူကြိုက်များရေပန်းစားခဲ့ပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T