VMAs မှာ "Group of the Year" ကိုလေးနှစ်ဆက်တိုက်ရရှိတဲ့ ပထမဆုံးအဖွဲဖြစ်လာတဲ့ BTS…

//s9.kh1.co/8c/8c94f4cd9f0a18c49b997d1c071d5fcaa9a6d6eb.jpg
အနုပညာရှင်များ

 ၂၉-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

BTS အဖွဲဟာ VMAs သမိုင်းတစ်‌လျှောက်မှာ..

ကမ္ဘာကျော် K-pop group ကြီးဖြစ်တဲ့ BTS အဖွဲဟာ VMAs ဆုပေးပွဲကြီးမှာ ဆုကြီးတစ်ခုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးဂီတဆုပေးပွဲကြီးတွေထဲက တစ်ခုဖြစ်တဲ့ MTV VMAs ကနေချီးမြှင့်တဲ့ "Group of the Year" "တစ်နှစ်တာရဲ့အကောင်းဆုံးအဖွဲ" ဆုကိုရရှိသွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2a/2a7bcd804e47c64dbfa8bff62c432c13b15ec430.png

အဆိုပါဆုကို BTS ဟာ ၂၀၁၉ခုနှစ်ကနေစတင်ပြီး ရရှိခဲ့တာဖြစ်ပြီး အခုအကြိမ်နဲ့ဆို လေးကြိမ်မြောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/02/02714cd4ae4199eabb998360e031aa95fe410f8b.png

ဒါကြောင့်ပဲ BTS အဖွဲဟာ VMAs သမိုင်းတစ်‌လျှောက်မှာ "Group of the Year" ဆုကိုအများဆုံးရရှိတဲ့အဖွဲအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=393,q=100/52/522b7f4bb6e993162fbffc9df0d9ef267400ca18.png

မနေ့ညကဆုပေးပွဲကိုတော့ BTS အဖွဲကမတက်ရောက်ခဲ့ပါဘူး။ BTS အဖွဲဟာ လာမယ့်အောက်တိုဘာလမှာ Yet to Come နဲ့ဘူဆန်မှာ အခမဲ့ဖျော်ဖြေပွဲကြီး လုပ်သွားဖိုလည်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=464,q=100/03/03799837e1f7b1deedd8d39edfc6d90e0cd189f5.png

အခုလိုဆုတွေရရှိပြီး စံချိန်သစ်တွေတင်နိုင်တဲ့အတွက် Congratulations ပါ Army လေးတိုရေ။

Photos-credit

Source: Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T