အနုညာလောကမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးချစ်ခင်ရသူကတော့ အဆိုတော် သရုပ်ဆောင် ဟန်ထူးစျာန်ပဲ ဖြစ်ပါတယ်။ ဟန်ထူးစျာန်ဟာ အသံပါဝါကောင်းတဲ့ အဆိုရှင်တစ်ယောက်ဖြစ်တာကြောင့် ထွက်ရှိလာတဲ့ တေးသီချင်းများဟာ ပရိသတ်တွေရဲ့ ရင်ထဲကို ထိရှစေခဲ့ပါတယ်။ ဒါ့အပြင်အဆိုဘက်မှာလည်း ထူးချွန်တဲ့သူဖြစ်သလို သရုပ်ဆောင်ပိုင်းမှာ အပြစ်ပြောစရာမရှိအောင် တော်လွန်းတဲ့သူပါ။


၂၀၂၁ ခုနှစ်က MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ "မှော်ပလ္လင်" ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်တွေတော်တော်များများရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အနုပညာမှာ ဘက်စုံထူးချွန်တဲ့ ဟန်ထူးစံက ဘာသာတရား ကိုင်းရှိုင်းတဲ့အပြင် မိဘပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားရတနာတစ်ပါးပါ။ ဒီကနေ့မှာတော့ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေး ကျရောက်ခဲ့တာကြောင့် မွေးနေ့ဆုတောင်းစကားဆိုထားလာခဲ့တာ တွေ့ရပါတယ်။

ဖခင်အတွက် ကြည်နူးပိတိဖြစ်စရာကောင်းလောက်အောင် မေွးနေ့ဆုတောင်းစကား ဆိုထားခဲ့ရာမှာ " မွေးနေ့မှာပျော်ရွှင်ပါစေ ဖေဖေ အများကြီးအပင်ပန်းခံပြီး ထိန်းကျောင်းပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးပါ....ငယ်ငယ်ကသီချင်းလေးဆိုပြီး သီချင်းသံလေးနဲ့ချော့နိူးတတ်တဲ့အဖေအကျင့်ကြောင့်ထင်တယ်
အခုတော့အဖေသားအဆိုတော်ဖြစ်နေပြီ ...သရုပ်ဆောင်အဖြစ်ရောအဖက်ဖက်ကကြိုးစားရင်း
အခုထပ်ပိုကျေးဇူးဆပ်ခွင့်ရချင်ပါတယ်...နှစ်ပေါင်းများစွာတိုင် အသက်ရှည်ကျန်းမာစိတ်ချမ်းသာစွာ
စိတ်သွားတိုင်းကိုယ်ပါနိူင်ပါစေ ဖေဖေ...မွေးနေ့က 12 ကျော်သွားပြီ ဆိုတော့
တစ်ရက်နည်းနည်းနောက်ကျသွားတယ်..." ဆိုကာ ရေးသားထားခဲ့ပါတယ်။ ကဲ... ပရိသတ်တွေကြီးရေ ဖခင်ရဲ့ မွေးနေ့ရက်မြတ်လေးကို သတိတရ ဖွဲ့ဖွဲ့နွဲ့နွဲ့ နဲ့ မွေးနေ့ဆုတောင်းပေးထားတဲ့ သားလိမ္မာလေး ဟန်ထူးစျာန်ကို ဒီထက်ပိုပြီး အားပေးချစ်ခင်ပေးကြပါဦးနော်....။

သတင်း အရင်းအမြစ်៖ Source - Han Htoo Zen





