ကိုယ်ဝန်ဆောင် မိန်းမဖြစ်သူ Son Ye Jin ကို ချစ်ခင်မြတ်နိုးကြောင်း ဖွင့်ဟပြောပြခဲ့တဲ့ Hyun Bin

//s9.kh1.co/d3/d396a04af4a48e511e4b6e754e719be28fdfa45e.webp
အနုပညာရှင်များ

 ၂၇-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မိန်းမကို ချစ်တတ်လိုက်တာမှ အရမ်းပဲ .. Hyun Bin ရဲ့ ဘဝအတွက် အကောင်းဆုံးသောအရာက ဘာလဲလို့မေးလိုက်တဲ့အချိန်မှာ ချက်ချင်းပဲ …

နာမည်ကြီးမင်းသား Hyun Bin က သူ့ဇနီး Son Ye Jin ကို ချစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့က  YouTube ချန်နယ် “U+tv 이모티es” (U+tv Emoticons) မှာ Hyun Bin က တွဲဖက်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Yoo Hae Jin၊ Jin Seon Kyu နဲ့ Yoona တို့နှင့်အတူ “Confidential Assignment 2” ရုပ်ရှင်အတွက် ပရိုမိုးရှင်းပွဲလေး တစ်ခုပြုလုပ်ခဲ့ပါတယ်။  

Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom

အဆိုပါပွဲမှာ Hyun Bin က “ပထမဇာတ်ကားနဲ့မတူတာကတော့ Cheolryeong က အခု မှ ပါဝင်လာတာပဲဖြစ်ပါတယ်။ “My Lovely Sam Soon” ပြီးကတည်းက Daniel Henney နဲ့ ၁၇ နှစ်အကြာမှာ မှ ပထမဦးဆုံးအကြိမ် ပြန်ပြီး အလုပ်တွဲလုပ်ခဲ့ရတာမို့ အမှတ်တရကောင်းတစ်ခုပါပဲ။” လို့ပြောခဲ့ပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom

ဘဝအတွက် အကောင်းဆုံးသောအရာက ဘာလဲလို့မေးလိုက်တဲ့အခါမှာတော့ Hyun Bin က မဆိုင်းမတွဘဲ “မိသားစု” ဆိုပြီး ချက်ချင်းဖြေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် Yoo Hae Jin က “လေ့ကျင့်ခန်း” ၊ Yoona က “SNSD” (သူမရဲ့အဖွဲ့) နဲ့ Jin Seon Kyu က “ပြေးတာ”လို့ ဖြေခဲ့ကြပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom

Hyun Bin ပါဝင်ထားတဲ့  “Confidential Assignment 2: International” ဇာတ်ကားဟာ မြောက်ကိုးရီးယားစုံထောက် Rim Cheol Ryeong (Hyun Bin) နဲ့ ကမ္ဘာ့ရာဇဝတ်အဖွဲ့အစည်းကိုဖမ်းရန် ကြိုးစားနေတဲ့ တောင်ကိုးရီးယားစုံထောက် Kang Jin Tae (Yoo Hae Jin) တို့ကြား နောက်ထပ်မစ်ရှစ်တစ်ခု ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နိုင်ငံရပ်ခြားမှ FBI Jack (Daniel Henney) နဲ့လက်တွဲကာ နိုင်ငံသုံးနိုင်ငံကြား နောက်ထပ်လျို့ဝှက်တာဝန်ကို စတင်မယ့်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားကို စက်တင်ဘာ ၇ ရက်မှာ တရားဝင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom

ပထမဆုံး 'Confidential Assignment’ ဇာတ်ကားဟာ ပရိတ်သတ်တွေရဲ့သဘောကျနှစ်သက်မှုကို ရရှိခဲ့ပြီး နောက်ဆက်တွဲဇာတ်ကားအတွက်လည်း အရမ်းမျှော်လင့်နေကြပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ Son Ye Jin နဲ့လက်ထပ်ပြီးနောက် ထုတ်လွှင့်ပြသမယ့် Hyun Bin ရဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်လို့နေတာပါ။

Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom
Photo Credit : KBIZoom

သတင်း အရင်းအမြစ် KBIZoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T