လောလောဆယ်ထွက်ပေါ်နေတဲ့ Jennie နဲ့ V တို့ဒိတ်လုပ်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာဖိုတိုရှော့ပ်လုပ်ထားတဲ့ အတုတွေဖြစ်ကြောင်း ထပ်မံရရှိတဲ့သတင်းတွေအရသိရပါတယ်။ ပုံတွေထွက်လာချိန်မှာတော့ အစစ်လား၊ အတုလား သေချာမသိပဲ ဇေဝေဇဝါဖြစ်နေကြပေမယ့် ပရိသတ်တွေကတော့ သူတို့ရဲ့ idol တွေကိုကာကွယ်ပေးခဲ့ကြပါတယ်။ အခုတော့အဲ့ဒီပုံတွေကိုဖန်တီးခဲ့တဲ့ သူကိုယ်တိုင်ဝန်ခံပြောဆိုလာခဲ့ပြီဖြစ်ပါတယ်။

ပုံတွေလုပ်ခဲ့တဲ့ hacker ကသူကိုယ်တိုင်လုပ်ခဲ့ကြောင်းနဲ့ အခုလိုပုံတွေရလာဖို့ အချိန်တော်တော်ကြာယူပြီး edit ခဲ့ရကြောင်း ပြောပြလာပါတယ်။ လူတွေက ဒီပုံတွေလုပ်ဖို့ မင်းမူရင်းပုံတွေဘယ်ကရှာလာခဲ့ရလဲဆိုပြီး hacker ကို မေးတဲ့အခါ V ရဲ့ ပုံကတော့ အစစ်ဖြစ်ပြီးနောက်က Jennie ရဲ့ ပုံကတော့ Jennieမဟုတ်ပဲ သူ့ကောင်မလေးရဲ့ပုံဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးစလုံးဟာ တရုတ်တွေဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ပြီးတော့လည်း အဲ့ဒီပုံတွေကိုသူ့သူငယ်ချင်းတစ်ဦးက တင်လိုက်တာဖြစ်ပြီး အခုလိုအထင်အမြင်လွဲမှားစေမှုအတွက် တောင်းပန်ကြောင်းပြောခဲ့ပါတယ်။


အခုဆိုရင်တော့ အင်တာနက်ပေါ်ကလူတွေက Photoshop ကျွမ်းကျင်လွန်းတဲ့ အဲ့ဒီ Hacker ဆီ mail တွေပို့နေကြပြီး ပုံတွေကိုကော်မရှင်ကယူပြီး ဖိုတိုရှော့ပ်လုပ်ပေးဖို့ နောက်ပြောင်ပြောဆိုနေကြပါတယ်။

ဒါပေမယ့် အချို့ကတော့ YG နဲ့ HYBE ဘက်ကတစ်လုံးတပါဒမျှမဖြေရှင်းပဲ နှုတ်ဆိတ်နေမှုအတွက် အခဲမကျေဖြစ်နေဆဲဖြစ်ကာ Photoshop လုပ်ထားတာဟုတ်မှဟုတ်ပါ့မလားဆိုပြီး မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ ပရိသတ်ကြီးတို့ရော ဘယ်လိုထင်ပါသလဲ၊ comment မှာလွတ်လပ်စွာမှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
Photos-credit
Source: KBIZoom