ပင်လယ်ကမ်းခြေမှာ ငါးဖမ်းနေတဲ့ သားလေးကို ချစ်မဝဖြစ်နေတဲ့ မင်းသမီးဂျင်ဆန်းမီ

//s9.kh1.co/7a/7a570de4d38333a0a9bff391fa95c9003408c27a.jpeg
အနုပညာရှင်များ

 ၂၆-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၄ နှစ် က

ပင်လယ်ကမ်းခြေမှာ ငါးဖမ်းနေတဲ့ သားလေးကို ချစ်မဝဖြစ်နေတဲ့ မင်းသမီးဂျင်ဆန်းမီ

တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ မြန်မာ ပရိသတ်တွေရဲ့အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae-rim က ရုပ်ရှင်ဇာတ်လမ်းတွဲတော်တော်များများ မှာပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီး ကိုရီးယားဇာတ်လမ်းတွဲတွေမှာသာမက တရုတ်ဇာတ်လမ်းတွဲတွေမှာပါအောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google 
Google 

ရုပ်ရည်ချောမောပြီး ချစ်ဖို့ကောင်းသလို အောင်မြင်မှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ Park Chae-rim ကအိမ်ထောင်ရေးတော့ ကံမကောင်းရှာပါဘူး။ သူမက အိမ်ထောင်နှစ်ဆက်နဲ့ Single Mother အဖြစ်ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ 

Google 
Google 

လက်ရှိအချိန်မှာ Park Chae-rim က သူမရဲ့ သားလေးနဲ့အတူ ပျော်ရွှင်စရာ မိသားစု ဘဝလေးကို တည်ဆောက်ထားပြီပဲ ဖြစ်ပါတယ်။ Park Chae-rim က ၂၀၁၀ ခုနှစ်ကစပြီး အနုပညာလှုပ်ရှားမှုတွေကနေ အနားယူထားတာဖြစ်တာကြောင့် သူမကို ဇာတ်လမ်းတွဲတွေထဲမှာတော့ ထပ်ပြီး မတွေ့ရတော့ပါဘူး။ Park Chae-rim ကို မြင်တွေ့ချင်တဲ့ ပရိသတ်တွေကတော့ သူမရဲ့ အင်စတာဂရမ်စာမျက်နှာလေးကို follow ထားပြီး တစ်နေ့တာ ပုံရိပ်လေးတွေကို စောင့် ကြည့်ရင်း အလွမ်းဖြေနေကြရပါတယ်။

Google 
Google 
Google 
Google 
Google 
Google 

အခုတစ်ခေါက်မှာလည်း Park Chae-rim က သူမရဲ့ သားလေး ပင်လယ်ကမ်းခြေမှာ ငုတ်တုတ်ကလေး ငါးမြှားနေတဲ့ ပုံရိပ်လေးကို “ဒီလိုမျိုး စိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့ကို ငါးဖမ်းနေတာ” ဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေဆီကို ဝေမျှပေးခဲ့ပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

တစ်ခေတ်တစ်ခါက ဂျင်ဆန်းမီလို့ နာမည်ကြီးပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Park Chae-rim လေးရဲ့ ချစ်စရာ သားလေး ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T