“Pink Venom” သီချင်းနဲ့နှစ်နှစ်ကြာမှ Comeback ထွက်လာခြင်းအားဖြင့် BLACKPINK ဟာစာရင်းဇယားတွေနဲ့ ခေတ်စားနေတဲ့စာရင်းတွေမှာ ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးတော့လည်းအဲ့ဒီနာမည်ကြီး “Pink Venom” သီချင်းကို ပရိသတ်တွေနဲ့ အခြားနာမည်ကြီး K-Pop idol တွေသာကြည့်ရှုပြီး comeback ကိုအားပေးနေကြတာမဟုတ်ပါဘူး။

သူတို့ရဲ့ အံ့သြစရာကောင်းတဲ့ အကစွမ်းရည်ကို လူတိုင်း အနီးကပ်ကြည့်ရှုနိုင်စေဖို့ရည်ရွယ်ပြီး မိန်းကလေးတွေက “Pink Venom” အကလေ့ကျင့်မှု ဗီဒီယိုကို ထုတ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုပေါ်မှာ ပရိသတ်တွေက သူတို့ရဲ့ အားပေးမှုကို ပြသနေချိန်မှာ လူအများစုနဲ့ ရင်းနှီးနေတဲ့ ကုမ္ပဏီကြီးတချို့ကလည်း သူတို့ရဲ့အားပေးမှုတွေကို အသီးသီးပြခဲ့ကြပါတယ်။
#BLACKPINK ‘Pink Venom’ DANCE PRACTICE VIDEO
— BLACKPINKOFFICIAL (@BLACKPINK) August 24, 2022
?YouTube: https://t.co/IZqo6iEPwh
?NOW: https://t.co/90Qh3l9MbJ #블랙핑크 #PinkVenom #DANCE_PRACTICE_VIDEO #안무영상 #YG pic.twitter.com/BmorLqydKZ
BLACKPINK ရဲ့ official Twitter account ကနေတင်တဲ့ပို့စ်အောက်မှာ YouTube က “လေ့ကျင့်တဲ့နေရာမှာတောင် ချွတ်ယွင်းချက်မရှိပါလား" ဆိုပြီး မိန်းကလေးတွေကို ချီးကျူးဂုဏ်ပြုတဲ့ မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။
#BLACKPINK ‘Pink Venom’ DANCE PRACTICE VIDEO
— YG FAMILY (@ygent_official) August 24, 2022
?YouTube: https://t.co/YO7Mgsuy2B
?NOW: https://t.co/x9lEeTVFwp #블랙핑크 #PinkVenom #DANCE_PRACTICE_VIDEO #안무영상 #YG pic.twitter.com/Nq95D07ae4
အကဗီဒီယိုပို့စ်အောက်မှာပဲ Facebook ကလည်း သူတို့ဟာ BLACKPINK ရဲ့ fans ဘယ်လောက်ဖြစ်ကြောင်း ပြသရုံသာမက Lisa ကိုလည်း သူတို့ရဲ့အနှစ်သက်ဆုံးဖြစ်ကြောင်း “ လီဆာက သူဘာလို့အဖွဲ့ရဲ့ Main Dancer ဖြစ်ရလဲဆိုတာ ငါတို့ကိုပြနေတာပဲ” ဆိုပြီး မှတ်ချက်ပေးတာတွေ့ခဲ့ရပါတယ်။


Lisa အကတော်ပုံကိုတော့ Blinks တွေကကောင်းစွာသိရှိထားပြီး Idol အချင်းချင်းပဲဖြစ်ဖြစ်၊ ကုမ္ပဏီကြီးတွေကပဲဖြစ်ဖြစ်၊ BLACKPINK ရဲ့ ဆွဲဆောင်မှု အထူးသဖြင့် Lisa ရဲ့ ဆွဲဆောင်မှုကို ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့ပုံပေါ်နေပါတယ်ခင်ဗျာ။
Photo-credit
Source: KBIZoom