အဒေါ်ကြီးတွေဝတ်တဲ့အင်္ကျီပုံစံနဲ့တောင် အရမ်းကြည့်ကောင်းနေတဲ့မမ လီဆောင်းဦး

//s9.kh1.co/5f/5f9ab77921421e02ab6d54b21f89e82dd2cdf560.jpeg
အနုပညာရှင်များ

 ၂၅-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

အဒေါ်ကြီးတွေဝတ်တဲ့အင်္ကျီပုံစံနဲ့တောင် အရမ်းကြည့်ကောင်းနေတဲ့မမ လီဆောင်းဦး

မြန်မာပရိသတ်တွေကြားမှာ လီဆောင်းဦးလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Kim Hyun Joo ဟာဆိုရင်တည်ငြိမ်အေးဆေးတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Kim Hyun Joo ကို ဖန်ရွှေနင်းနဲ့ ယမင်းရွှေစင် ဇာတ်လမ်း (Glass Slippers) နဲ့ ပရိသတ်တွေ အများစု သိခဲ့ကြတာဖြစ်ပါတယ်။

Google 
Google 
Google 
Google 
Google 
Google 

 Kim Hyun Joo က လက်ရှိမှာ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဘဝကြီးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြတ်သန်းနေ တာဖြစ်ပါတယ်။ Kim Hyun Joo က အရှိကိုအရှိတိုင်း နေထိုင်တတ်တဲ့သူဖြစ်သလို အသက်အရွယ်ကြီးရင့်လာတဲ့ မျက်နှာပုံစံကိုလည်းဖုံးကွယ်ရမှာ ရှက်တဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် Kim Hyun Joo ရဲ့ မျက်နှာက အရေးအကြောင်းလေးတွေ နည်းနည်း ပေါ်နေပြီပဲ ဖြစ်ပါတယ်။ 

Google 
Google 

Kim Hyun Joo က ရိုက်ကူးရေး မရှိတဲ့အချိန်တွေမှာ အဝတ်အစားက အစ အရိုးရှင်းဆုံးသာ ဝတ်တတ်တဲ့သူဖြစ်ပါတယ်။ သူမက မျက်နှာကိုလည်း မိတ်ကပ်အထူကြီးတွေ လိမ်းရတာ မကြိုက်ဘဲ ပါးပါးလျားလျားလေးသာ လိမ်းခြယ်တတ်တဲ့ သူဖြစ်ပါတယ်။ သဘာဝကို မြတ်နိုးတဲ့ Kim Hyun Joo က မကြာသေးမီကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆောင်းရာသီရောက်ရှိလာပြီဖြစ်ကြောင်း စာလေးနဲ့အတူ ရိုးရှင်းတဲ့ ဓာတ်ပုံလေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

ဓာတ်ပုံလေးတွေထဲမှာ မမ Kim Hyun Joo က ချည်သား တီရှပ် အပွကလေးရယ် ၊ ချည်သားဘောင်းဘီလေးရယ်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတာဖြစ်ပါတယ်။ 

Instagram 
Instagram 

ဒါပေမယ့် သူမရဲ့ အလှတရားကတော့ ဝတ်ထားတဲ့အဝတ်အစား တန်ဖိုးထက် အများကြီး ဈေးမြင့်တာကို ထင်ရှားစွာ တွေ့ရပါတယ်နော်။ 

Google 
Google 

အသက် ၄၅ နှစ်အရွယ်ဖြစ်နေပေမယ့် ကြင်ဖော်မရှာဘဲ ဘဝကြီးကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ တောင်ကိုရီးယား မင်းသမီးကြီး Kim Hyun Joo ရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T