ကမ္ဘာကျော် အက်ရှင် ရိုက်ချက်တွေကြောင့် နာမည်ကျော်ကြား လူကြိုက်များလာပြီး လူငယ်ပရိသတ်တွေရော လူကြီး ပရိသတ်တွေအကြားပါ ရေပန်းစား ကျော်ကြားမြဲဖြစ်နေသူကတော့ အက်ရှင်မင်းသားကြီး စတားလုံး ပါပဲ။


လတ်တလောမှာ မင်းသားကြီးစတားလုံးဟာ (၂၅)နှစ်ကြာပေါင်းသင်းလာတဲ့ သူ့ဇနီး နဲ့ ကွာရှင်းရတော့မယ် လို့ သတင်းများပေါ်ထွက်လာပြီး အဆိုပါသတင်းဟာ မှန်ကန်နေခဲ့ပါတယ်။ ကွာရှင်းခွင့်တောင်းခံရခြင်းရဲ့အကြောင်းအရင်းဟာ တက်တူးပုံ တစ်ပုံကြောင့်ဖြစ်တယ်လို့လည်း သတင်းဌာနများဖော်ပြချက်အရ သိရပါတယ်။


စတားလုံး ဟာ သူ့ မိန်းမ ဖြစ်သူ ရဲ့ ပုံတူကို တက်တူးထိုးထားရာကနေ သူ့ ဇနီး ပုံ ပေါ်မှာ သူ့ရဲ့ အိမ်မွေးခွေးပုံကို ဖုံးပြီး တက်တူး အသစ် ထိုးခဲ့တဲ့အတွက် ဇနီးဖြစ်သူက တရားရုံးမှာကွာရှင်းခွင့်တောင်းခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် (၇၆) နှစ်အရွယ် ရှိစတားလုံးဟာ သူ့ရဲ့ ညာဘက်လက်မောင်းမှာ ဇနီးဖြစ်သူ ဂျနီဖာဖလာဗင်ပုံ တက်တူးထိုးထားရာကနေ သေသွားတဲ့သူ့ခွေး Butkus ရဲ့ပုံဖုံးပြီးထိုးထားခဲ့တယ်လို့ဆိုပါတယ်။








